💙Part 14💙

813 58 0
                                    

Unicode

"စဉ်းစားတာတွေများလို့..ခေါင်းကိုထိသွားတာနားလိုက်ရင်သက်သာသွားမှာပါကျွန်တော်ကိုခွင့်ပြုပါအုံး..ကိုဟိန်းမင်းသစ်ဦးနှောက်ကိုအရမ်းအလုပ်မပေးပါနဲ့..မဟုတ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာမှာစိုးရတယ်..."

"ကောင်းပါပြီဒေါက်တာ..ကျွန်တော်ဆင်ခြင်ပါ့မယ်.."

"သစ်ထူးဒေါက်တာကိုလိုက်ပို့ပေးလိုက်.."

"ဟုတ်မကြီး.."
ဟုဆိုကာဒေါက်တာအိတ်ကိုယူပြီးဒေါက်တာနဲ့အတူထွက်သွားလေသည်..။

ဒေါက်တာထွက်သွားတော့မှချောကလျာ ဟိန်းဘေးတွင်ဝင်ထိုင်ကာ

"ဘယ်လိုဖြစ်တာလဲဟိန်းရယ်ချောဖြင့်စိတ်ပူသွားတာပဲ .."

"ကိုယ်ဘာမှမဖြစ်ပါဘူးချောရယ် စိတ်မပူပါနဲ့ ကျွန်တော်ခဏလောက်နားချင်လို့အကုန်လုံးထွက်သွားပေးလို့ရမလား.."

"ဟုတ်ပြီနားလိုက်တော့..တစ်ခုခုဆိုလှန်းခေါ်လိုက်နော်.."
ဟိန်းခေါင်းငြိမ့်ပြလိုက်တော့မှသူမတို့အခန်းထဲကထွက်သွားလေသည်။

"ဒေါက်တာသစ်အဆင်ပြေပါတယ်နော်.."

"အဆင်ပြေပါတယ်..ဒါပေမဲ့သူကိုအရမ်းမစဉ်းစားပဲ..ဖြေးဖြေးချင်းပဲသွားစေချင်တယ်.."

"ဟုတ်ကဲ့.."
ဒေါက်တာထွက်သွားတဲ့အထိသစ်ထူးထိုနေရာတွင်ရပ်နေဆဲ ဟိန်းရှိရာအခန်းဆီကိုမော့ကြည့်ကာ

"ငါကိုမမှတ်မိရင်လဲနေပါစေတော့သစ်ရယ်..မင်းတစ်ခုခုဖြစ်မှာကိုတော့မလိုလားဘူး.."

မနက်ခင်းနေရောင်ခြည်ထွက်လာသည်နှင့်တစ်ပြိုင်နက်လူသားအားလုံးနိုးထကာတစ်နေ့တာလုပ်ငန်းကိုစတင်ကြသည်.။

ထမင်းစားခန်း၌

"ဟိန်းထည့်စားနော်."

"ဟိန်းကဒီအိမ်ကအိမ်ရှင်ပါ..သူအိမ်ကဟင်းတွေသူဘာသာထည့်စားတတ်တယ်"

"မြူ ဘယ်လိုပြောလိုက်တာလဲ..ချောကိုအားနာစရာ.."

"ဟိုရပါတယ်မကြီးရယ် မမလတ်ပြောလဲမှန်တာပဲမလား.."
ခေါင်းငုတ်ကာမျက်နှာငယ်နဲ့ပြောနေတဲ့ချောကလျာကိုမကြီးကအားနာသလိုကြည့်နေပေမဲ့မြူကတော့တတ်လဲနိုင်တဲ့ရုပ်ဆိုတဲ့ပုံစံမျိုးဖြင့်ကြည့်နေသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now