💙Part 22💙

795 53 8
                                    

[Unicode]

အစည်းဝေးပြီးသွားတော့ သစ်ထူးဖိုင်တွေသိမ်းဆည်းကာ လုပ်ငန်းရှင်တွေနဲ့စကားပြောနေတဲ့ ဟိန်းမင်းသစ်အနားကို လျှောက်လာခဲ့သည်။

"သစ် ငါ့အတွက်ရုံးခန်းကို သစ်စီစဉ်ပေးမယ်လို့ မျှော်လင့်ပါတယ် "

"မောင်ရင်က ဒုဥက္ကဌဖြစ်သွားပြီးဆိုတော့ သမီးဟေမာန်ရဲ့ရုံးခန်းမှာနေရမှာမလား "

သစ်ထူးအပါဝင် အစည်းဝေးခန်းထဲတွင်ရှိသော ရှယ်ယာရှင်တွေအားလုံး ဟိန်းမင်းသစ်ရဲ့အဖြေကို နားစွင့်နေကြသည်။

"ခုချိန်ကစပြီး မကြီးရုံးခန်းက မင်းရုံးခန်းဖြစ်သွားပြီး "
ဟုဆိုကာအစည်းဝေးခန်းထဲကနေထွက်သွားလေသည်။

သူကိုတစ်ချက်တောင်မကြည့်ပဲ ပြောသွတဲ့ဟိန်းကြောင့် သစ်ထူးနာကျင်မိသည်။ဟိန်းကသူကို အတော်မုန်းနေပြီထင်ပါရဲ့။

*ခဏပဲစောင့်ပါသစ်ရယ် သစ်ရဲ့ဘေးနားကမကောင်းတဲ့လူတွေကို ဖယ်ရှားပေးပြီးတာနဲ့ ငါသစ်နားကထွက်သွားမှာပါ *

"မင်းငိုလို့မဖြစ်ဘူးနော်  "
ပုခုံးပေါ်လက်တင်ကာ နှစ်ကိုယ်တည်းကြားရုံမျှ ပြောလာတဲ့ရဲသွေးစကားကြောင့် သစ်ထူးကျချင်နေတဲ့မျက်ရည်စတွေကို လက်မနဲ့အသာသုတ်လိုက်ပြီး သူ့ရုံးခန်းလို့ပြောသည့်အခန်းကိုထွက်လာခဲ့သည်။

သူရုံးခန်းထဲရောက်တော့ အခန်းဝန်းကျင်ကိုကြည့်ကာ သဘောကျနေမိသည်။သဘောကျသည်ဆိုတာက အခန်းကိုကြိုက်ရင်မဟုတ်၊အခန်းပိုင်ရှင်ဆီကအခန်းကိုလုယူနိုင်တဲ့အတွက်ပင်။

သူအလုပ်စားပွဲက စုံလည်ခုံတွင်ဝင်ထိုင်ကာ

"ဘယ်လိုလဲ ငါပုံစံကသူဌေးနဲ့တူလား "

သူမေးတော့ရဲသွေးက ခေါင်းငြိမ့်ပြလေသည်။ထိုစဉ် အခန်းထဲသို့ဒုန်းစိုင်းဝင်ရောက်လာတဲ့ဆောင်းဟေမာန်။ဒေါသထွက်နေသည်ထင်ပါရဲ့ မျက်နှာတစ်ခုလုံးနီရဲကာ‌‌ ဒေါက်ဖိနပ်သံကပုံမှန်ထက်ပိုကျယ်လွန်းသည်။

"နင်လိုကောင်ကများ ရာရာစစငါနေရာကိုယူရဲတယ်ပေါ့လေ "

သစ်ထူးထရပ်ပြီး စားပွဲပေါ်လက်နှစ်ဖက်ထောက်ပြီး ‌ဆောင်းဟေမာန်မျက်နှာအား တည့်တည့်ကြည့်ကာ

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now