(Unicoad )
ဘုရားရောက်တော့ ဘုရားရှိခိုး,ပုတီးဝယ်,ငါးစာကျွေးပြီး၂ယောက်သားဘုရားစျေးထဲလှည့်ပတ်ကြည့်နေကြတယ် ငါးစားကျွေးနေတုန်းက ကိုတိုးကို ကိုဟိန်းသူရပုံတစ်ပုံခိုးရိုက်လိုက်တယ်
"ကိုသူရ နေ့လည်စာကို စျေးထဲဝင်ထိုင်ပြီးစားရအောင်"
"ဘာလို့လဲ အကုန်အကျသက်သာအောင်လား"
ကိုဟိန်းသူရ စပြောလေးပြောလိုက်တော့
"မဟုတ်ပါဘူး ဒီလိုမစားရတာကြာပြီလေ အဆောင်နဲ့ကျောင်းနဲ့ဘဲကူးနေရတော့ ခုလို့စျေးတန်းမုန့်တွေမစားရတာကြာပြီမို့"
"ဟုပါပြီ စနေတာပါဗျာ"
ကိုဟိန်းသူရက ကိုတိုးထက်၂နှစ်ကြီးတယ် အဲ့တာကို ကိုဟိန်းသူရက ဒီ၂နှစ်ငယ်တဲ့ကျောင်းဆရာလေးကိုကလေးလေးလိုအမြဲစနောက်နေတာဘဲ
နှစ်ယောက်သားဘုရားစျေးတန်းက စားသောက်ပြီး ပြန်ဖို့ကားရပ်ထားတဲ့နေရာပြန်လာကြတယ်
ကိုတိုးကကျောင်းဆရာအလုပ်မှာ စိတ်နစ်ပြီးလုပ်နေသူဆိုတော့ ခုလိုလျှောက်မလည်ရတာကြာပြီ
ကိုဟိန်းသူရကလည်း ကိုတိုးကိုဘဲဘာလို့မှန်းမသိပျော်အောင်ထားပြီး အမြဲစနောက်နေတယ်
၂ယောက်သားလျှောက်လည်ပြီးကိုဟိန်းသူရကအဆောင်ကိုပြန်လိုက်ပို့ပေးတယ်...........
အဆောင်ပြန်ရောက်တော့နေ့၁၂နာရီကျော်နေပြီ
"ကိုသူရ သွားတော့နော်"
ကားပေါ်ကဆင်းပြီးနှုတ်ဆက်ကာအဆောင်ထဲဝင်သွားတော့တယ်
ကားပေါ်ကကိုဟိန်းသူရတစ်ယောက် ကားကိုတန်းမမောင်းဘဲ ငါးစာကျွေးနေတုန်းကခိုးရိုက်ထားတဲ့ပုံလေးကိုကြညိ့ပြီးစဥ်းစားနေတယ် အဲ့ကျောင်းဆရာလေးနဲ့ရှိနေရင်သူပျော်နေတယ်
ဘာဖစ်မှန်းမသိ တစ်ယောက်ထည်းအတွေးမျိုးစုံဖြင့် ကားမောင်းပြီးအိမ်ပြန်လာတယ်..........
ကျယ်ဝန်းတဲ့ခြံကြီးနှင့် ခရမ်းရောင်နဲ့နှစ်ထပ်အိမ်ရှေ့ရောက်တော့ကိုဟိန်းသူရ ဟွန်းတီးလိုက်တော့ ခြံစောင့်ကလေးကတံခါးလာဖွင့်ပေးတယ်
ကားကိုဂိုဒေါင်ထဲမှာထဲပြီး မှာလိုက်တဲ့ပုတီးလေးကိုကိုင်ပြီးအိမ်ကြီးထဲကိုဝင်သွားတယ် ဧည့်ခန်းထဲမှာထိုင်နေတဲ့ဒေါ်မာလာဦး

YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း