(Unicoad)
ကိုဟိန်းသူရdutyပြီးတော့ ကိုတိုးတို့အခန်းဆီ ခြေဦးလှည့်လာတယ်
"အမ ပစ္စည်းတွေသိမ်းလို့ပြီးပြီလား"
ကိုဟိန်းသူရတံခါးဖွင့်ဝင်လာပြီးမေးလိုက်တယ်
"ပြီးပြီ အမတို့မင်းကိုစောင့်နေတာ"
"ဟုတ် အဲ့တာဆိုသွားရအောင်လေ"
ကိုဟိန်းသူရ ပစ္စည်းတွေဆွဲကူပြီးကားရပ်ထားတဲ့ ကားပါကင်ကိုဦးဆောင်သွားခဲ့တယ်
ကိုတိုးကရှေ့ခန်းကထိုင်လိုက်ပြီး ဒေါ်စန်းစန်းဌေး နဲ့မမီလာခိုင်ကတော့နောက်ခန်းကနေလိုက်သွားကြတော့တယ်
...........
စားသောက်ဆိုင်ရောက်တော့ ကိုဟိန်းသူရကိုတိုးနဲ့ဘေးချင်းကပ်ထိုင်လိုက်တယ်
ကိုဟိန်းသူရဝိတ်တာကိုခေါ်ပြီး ဟင်းပွဲတည်းမှာလိုက်တယ်"ကိုခန့်သူအောင် လာမကြိုသေးဘူးလားအမ"
ကိုဟိန်းသူရ စားရင်းနဲ့စကားစလိုက်တယ်
"အေး ဒီနေ့အမတို့ကိုလာမကြိုဖစ်ေတာ့ဘူး ကားပျက်နေလို့တဲ့"
"အဲ့တာဆိုအမတို့ ဘယ်မှာတည်းကြမှာလဲ"
"Hotel မှာဘဲ တည်းရတော့မှာပေါ့ အငယ်ကောင် အဆောင်မှာလည်း မဖြစ်ဘူးလေ "
"အမတို့ ကျွန်တော်တို့အိမ်လိုက်တည်းလေ"
"ရပါတယ် သားရယ် အန်တီတို့ကိုသား ကူညီတာတွေ များနေပါပြီ"
"မဟုတ်တာအန်တီရယ် ဒီလူနဲ့ဒီလူပြောစရာတွေလား"
"အဲ့တာဆို ထပ်ပြီးကျေးဇူးဆင်ပါတယ်သားရယ် မဖြစ်မနေမို့လို့လာ အန်တီလည်းhotelမ မအိပ်ချင်ဘူး"
ကိုတိုးစကားဝိုင်းထဲမှာ တစ်ခွန်းမှမပြော
အားလုံးလည်းစားသောက်ပြီးကြပြီ
"အဲ့ဒါဆိုအမေနဲ့အမအဆင်ပြေပြီဆိုရင်ကျွန်တော်အဆောင်ပြန်တော့မယ်"
"နင်ကဘာနဲ့ပြန်မှာလဲ အငယ်ကောင်"
"နိုင်လင်းထက် ကိုဖုန်းဆက်ပြီးလှမ်းခေါ်လိုက်မယ်လေ"
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း