(Unicoad)
မနက်ခင်းလေးတစ်ခုမှာမိုးကသဲကြီးမဲကြီးရွာနေတယ်☂☂☂
အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်းထဲသို့ဆိုင်ကယ်clickအဖြူအမဲလေးတစ်စီးဝင်လာတယ်"ဆရာတိုးတတ်အောင်မိုးတွေမိလာတာလား ။အဝတ်အစားတွေလဲအုံးတော်ကြာဖျားနေအုံးမယ်"
"ဟုကဲ့ မနှင်းခိုင်ဒါနဲ့မကျွန်တော်ညနေအချိန်ပိုအစားဝင်ပေးလို့ရလားကျွန်တော်သွားစရာလေးရှိလို့"
"အေးအေးရတယ်ဒါနဲ့ဘယ်တုန်း"
"ကျွန်တော်နေသိပ်မကောင်းလို့ဆေးခန်းသွားပြမလို့"
"နေမကောင်းတာဖြင့်နားပေါ့ကျောင်းလာနေသေးတယ်"
"ရပါတယ်ပထမနှစ်ဝက်လဲနီးပြီမလားကလေးတွေနောက်ကျမှာဆိုးလို့"
"ဟုပါပြီဆရာလေးရေ။ကလေးတွေနောက်မကျဘဲဆရာလေးဆေးထိုးနေရမယ်သူကဖြင့်အပ်ကြောက်ကြောက်နဲ့။ကျောင်းကကာကွယ်ဆေးတွေထိုးတုန်းကဖြင့်ကလေးတွေကသူကိုရီနေကြတာကို"
ရီပြုံးလေးပြုံးရင်းနဲ့ကိုယ်စီအတန်းဝင်သွားကြတယ်
..........
အလင်းတန်းကျောင်းနဲ့မနီးမဝေးမှာရှိတဲ့အာရုဏ်ဦးအဆောင်လေးမှာဆရာတိုးတတ်အောင်နဲ့ဆရာနိုင်လင်းထက်တို့နေကြတယ်
ဆရာတိုးတတ်အောင်ကဆရာနိုင်လင်းထက် ထက်၂နှစ်ကြီးတော့ညီလေးလို့ဘဲခေါ်ပြီးဆရာနိုင်လင်းထက်ကဆရာတိုးတတ်အောင်ကိုဆရာလို့ဘဲခေါ်တယ်"ညီလေးခနနေအကိုနဲ့ဆေးခန်းလိုက်ခဲ့ပေးလို့ရလားခေါင်းမူးပြီးဖျားချင်နေလို.။ခေါင်းမူးနေတော့ဆိုင်ကယ်လည်းမစီးချင်လို့။ညီလေးဒီနေ့အချိန်ပိုမရှိဘူးမလား"
"ဟုရပါတယ်ဆရာ ဒါနဲ့ကျွန်တော်အကိုဝမ်းကွဲဆရာဝန်တစ်ယောက်ရှိတယ် ဒီနားလေးမှာဘဲ နာမည်ကြီးလေ"
"ငါကဆေးထိုးအပ်ကြောက်တယ်ကွ မင်းအကိုကိုဆေးမထိုးဖို့ပြောပေးမှာလား"
"ဆရာကလည်းအသက်ကဖြင့်ကြီးနေပြီဆေးထိုးအပ်ကကြောက်နေတုန်းလား ဟုပါပြီ ကျွန်တော်ပြောပေးမယ်"

YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း