(Unicoad)
ရွာမှာဆိုတော့ရေချိုးခန်းလို့မရှိ ကန်အဝိုင်းနဲ့ဘေးပတ်ပတ်လည်မှာဘာအကာအရံမှမရှိ ဆရာတိုးတတ်အောင်တစ်ယောက်ရေချိုးနေတယ် ကိုဟိန်းသူရလည်းသွားတိုက်ဆေးတို့ဘာတို့ရယ်ကိုင်ပြီး ဆင်းလာခဲ့တယ် bodyအမိုက်စားနဲ့ကိုဟိန်းသူရကြွက်သားတွေကလည်းအထင်းသားနဲ့
"ကိုတိုး ငါလည်းရေချိုးရတယ်မလား"
"ရတယ်လေ"
ဆရာတိုးတတ်အောင်အဝတ်အစားအပေါ်တတ်သွားတော့မှကိုဟိန်းသူရရေကောင်းကောင်းချိုးရတယ် သူလည်းရေချိုးပြီးအပေါ်တတ်သွားတော့တယ်
...............
ညနေစောင်းတော့ထမင်းစားဖို့အမဖစ်သူမမီလာခိုင်လှေကားရင်းကနေအော်ပြောနေတယ်"ငပျင်းလေးရေရေချိုးပြီးကတည်းဆင်းမလာတာအမေကထမင်းစားမယ်တဲ့ဧည့်သည်တွေကောခေါ်ပြီးဆင်းလာခဲ့တော့တဲ့"
"ဟုတ်ဟုတ် ခုဆင်းလာပြီ"
အဝါရောင်လက်တိုလေးနဲ့အဖြူရောင်ဘောင်းဘီတိုလေးဝတ်ထားတဲ့ဆရာတိုးတတ်အောင်အခန်းထဲကနေထွက်လာပြီးတစ်ဖက်အခန်းဆီကိုဦးတည်လာတယ်"ညီလေးနိုင်လင်းထက်နဲ့ကိုသူရ ထမင်းစားရအောင်တဲ့"
ပြောပြောဆိုဆိုနဲ့တံခါးဖွင့်ဝင်လိုက်တယ်
အခန်းထဲက၂ယောက်သားgameဆော့နေတယ် ကိုဟိန်းသူရလည်းအားတဲ့ချိန်ဆိုgameဆော့တယ် ဆရာတိုးတတ်အောင်ကတော့မဆော့တတ်
အခန်းထဲဝင်လာတဲ့ဆရာတိုးတတ်အောင်ကို ဆရာနိုင်လင်းထက်ပြူးကြောင်ကြောင်ကြည့်နေတယ်"ဆရာကဒီလိုဝတ်တာလိုက်သားဘဲကျွန်တော်ထက်တောင်ငယ်သွားသလိုဘဲ အဆောင်မှကြဘာလို့မဝတ်တာလဲ"
ဆရာတိုးတတ်အောင်ကအဆောင်မှာဘောင်းဘီတစ်ခါမှမဝတ်ဘူးဘူး
"ကျောင်းဆရာတစ်ယောက်ကဒီလိုဝတ်ရင် မသင့်တော်ဘူးလေ အဲ့တာကြောင့်ငါမဝတ်တာကွ ဘောင်းဘီတွေအကုန်ဒီမှာထားခဲ့တာလေ"
ဆရာ၂ယောက်စကားပြောနေတုန်းကိုဟိန်းသူရရဲ့ဆရာကိုကြည့်တဲ့အကြည့်တွေစူးရှ
"ကိုတိုးမင်းတကယ်ကြည့်ကောင်းတယ်ကွ"
ကိုဟိန်းသူရအသံထွက်လာပြီ
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း