"အကို သားလေးအစားကောင်းကောင်းမစားတာလည်းကြာပြီ သူကြည့်ရတာလည်းကြာရင်တစ်ခုခုဖြစ်သွားမှာကြောက်တယ်အကို အကိုသားကိုသူစိတ်ထွက်ပေါက်ပေးလိုက်ပါလား"
ဒေါ်စန်းစန်းဌေးသားဖြစ်သူကိုကြည့်ပြီး စိတ်မချမ်းသာတော့တာမို့ ယောကျာ်းဖစ်သူကိုစည်းရုံးနေတယ်
"မဖစ်နိုင်ဘူး အကိုခွင့်မပြုနိုင်ဘူးစန်း အကို့သားကိုအကိုယောကျာ်းလေးတစ်ယောက်နဲ့ဘယ်လိုမှခွင့်မပြုနိုင်ဘူး စန်းသားကိုခေါ်ပြီး အကိုအမေဆီခဏသွားနေပါ့လား အဲ့ဆိုသားလည်းစိတ်ပြေလက်ပျောက်ပေါ့"
ဦးထွန်းနိုင်ဦးက ပြင်ဦးလွင်ဇာတိကပါ ပြင်ဦးလွင်မှာ ညီမနဲ့အမေဖစ်သူတို့နေကြတယ်
"စန်းသားကိုပြောကြည့်ပါ့မယ်အကို"
........
ဒေါ်စန်းစန်းဌေး အခန်းထဲထွက်လာပြီး သားအခန်းထဲသို့ဝင်လာခဲ့တယ်"သားမအိပ်သေးဘူးလား"
"ဟုတ်အမေသားအိပ်မရလို့ "
ကိုကိုးရဲ့မျက်လုံးက အမေဖစ်သူကိုအကူညီတောင်းခြင်းများနဲ့အတူအရည်တစ်ချို့နဲ့ပြည့်နေတယ်
"သားကိုယ့်ကိုယ်ကို နာကျင်အောင်မလုပ်ပါနဲ့နော် အမေသားဘက်ကအမြဲရှိတယ်နော်သား သားဖေကလည်းသားကိုချစ်ပါတယ် အဖေပေါ်လည်းစိတ်မဆိုးနဲ့နော်"
ကိုတိုးဘာမှမပြောဘဲအမေဖစ်သူရင်ခွင်ထဲဝင်ပြီး မျက်လုံးထဲကအရည်တစ်ချို့ကိုလွတ်လပ်စွာကျခွင့်ပြုလိုက်တော့တယ်
"သားတိတ်တော့ သားငိုတော့အမေလည်းငိုချင်တာပေါ့ဘနောက်အဆင်ပြေသွားမှာပါ ခုအမေနဲ့သားမေကြီးတို့ပြင်ဦးလွင်ညအိပ်သွားရအောင်သားမမကောလေ"
"သားမသွားချင်ဘူးအမေ့ အမေ့တို့သားကိုကိုဟိန်းသူရကိုမေ့အောင်ဘယ်လိုလုပ်လုပ်မေ့မှာမဟုတ်ဘူး သူ့ကသားဘဝရဲ့လက်တွဲဖော်အဖစ်သားရွှေးချယ်ပြီးပြီ"
"အမေကဒီတိုင်းအလည်သက်သက်သွားတာပါသားရယ် စိတ်ချ အမေတို့ပြင်ဦးလွင်ကပြန်လာရင်သားအဖေကိုအမေကိုယ်တိုင်ပြောပေးမယ်နော် "
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း