ကိုတိုးကိုတိုက်နယ်ဆေးရုံကိုအမြန်ပို့လိုက်ရတယ် သောက်ထားတဲ့ဆေးတွေကိုပြွန်နဲ့ဆွဲထုတ်တော့အလုံး၂၀လောက်ထွက်လားတယ် အောက်ဆီဂျင်လည်းပေးထားရတယ် မနက်မိုးလင်းတဲ့ထိသတိမလည်သေး ကိုဟိန်းသူရကိုကိုခန့်သူအောင်ကမောင်းထုတ်ပေမဲ့ ကိုဟိန်းသူရကသူစောင့်ကြည့်ချင်သေးတယ်အတင်းပြောတော့မှ ဒေါ်စန်းစန်းဌေးက ကိုဟိနိးသူရဆရာဝန်ဆိုတော့နေခွင့်ပြုလိုက်တယ်
"ဒီမှာငါ့တူ အန်တီသားငယ်သတိမရခင်ပြန်စေချင်တယ် သူလည်းနေမကောင်းသူမင်းကိုထပ်မြင်ရင် ဒီထက်ရူပ်ထွေးလိမ့်မယ်"
"အန်တီလူသားချင်းချစ်တာ ဘာအပြစ်လဲ"
"အန်တီကသားငယ်ကိုချစ်လို့သဘောတူတယ်ဆိုရင်သူ့အဖေကလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"
"ကျွန်တော်ကိုကြိုးစားခွင့်လေးတော့ပေးပါအန်တီ"
"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူးမင်းလုံးဝရှေ့ဆက်မတိုးပါနဲ့ မင်းရှေ့ဆက်တိုးမယ်ဆိုရင် သားငယ်ကိုမထိခိုက်ဖို့အတွက်အန်တီကတော့မရရတဲ့နည်းနဲ့တားရမှာဘဲ"
"အမေအဲ့လိုကောင်ကိုအဲ့လောက်ပြောမနေနဲ့အငယ်ကောင်နဲ့လာပတ်သက်ရဲ့ပတ်သက်ကြည့်ကျွန်တော်နဲ့တွေ့လားမယ်"
"မင်းငြိမ်ငြိမ်နေငါပြောနေတယ်လေကိုခန့်"
ပြောနေကြရင်းဒေါ်မာလာဦးတို့အခန်းထဲဝင်လာတယ်
ကိုဟိန်းသူရအကြောင်းစုံဒေါ်မာလာဦးကိုဖွင့်ပြောလိုက်တာမို့ဒေါ်မာလာဦးဆေးရုံလိုက်လာခဲ့တယ်
"ညီမသားကိုတိုးသက်သာလား"
ဒေါ်မာလာဦး ဒေါ်စန်းစန်းဌေး ဘေးဝင်ထိုင်ပြီးမေးလိုက်တယ်"ဒါတွေအကုန်လုံးအန်တီသားကြောင့်ဖြစ်ရတာခုမှသက်သာလားဘာလားလာလုပ်မနေနဲ့"
"ကိုခန့်တော်စမ်းလူကြီးတွေစကားပြောနေတာဝင်မပါနဲ့"
"အမေအဲ့လိုတွေအားနာနေလို့အခုလိုတွေဖစ်ကုန်တာ"
ကိုခန့်သူအောင်ပြောပြီးထွက်သွားခဲ့တယ်
"အမတောင်းပန်ပါတယ်ညီမ သားတို့ကိုအတူတူနေခိုင်းလိုက်ပါလား"
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း