Zawgyi
Warning 18လေးတွေပါတယ်နော်အဆင်မပြေရင်sorryနော်
လူကြီးတွေကန်တော့ပြီးအိမ်မှာမီးပုံပွဲလုပ်ကြတယ်
ကြီးကြီးနွဲ့ကော မိသားစုအစုံလင်ပေါ့"မမ ကျွန်တော်ကိုငါးကင်ပေးအုန်း"
"အငယ်ကောင်နင့်တစ်ယောက်ထဲကို သုံးကင်ရှိပြီနော်"
"မမကလည်း နှစ်ကောင်ကျန်သေးတယ်မလား"
"အဖေနဲ့အမေ မစားရသေးဘူး အငယ်ကောင်ရဲ့ နင်အများဆုံးစားတာဘဲ မဝသေးဘူးလား"
"ရော့ ငါငါးကင်စားလိုက်တော့ ငါကငါးသိပ်မကြိုက်ဘူး"
ကိုဟိန်းသူရ ပေးတဲ့ငါးကင်လေးကို ကိုတိုးပြုံးဖြီးဖြီးလေး ယူလိုက်တယ်
စားသောက်ပြီးကြတော့ ကိုခန့်သူအောင်ဂစ်တာလေးယူလာတယ်
"ကိုဟိန်းသူရ ရော့ဂီတာတီးတတ်တယ်မလား"
ကိုဟိန်းသူရ ကိုခနိ့သူအောင်ပေးတဲ့ဂစ်တာလေးလှမ်းယူလိုက်တယ်
ကိုဟိန်းသူရဂစ်တာလေးညှိပြီး သံစဉ်လေးစလိုက်တယ်
"ငွေသော်တာရောင်ခြည် ထိန်းလင်းတော့သည်
ဘုံကြိုးပျက်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမပဲကိုသည်းစွဲအောင်ချစ်မိပြီငွေသော်တာရောင်ခြည် ထိန်းလင်းတော့သည်
ဘုံကြိုးပျက်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုပဲသည်းစွဲအောင်ချစ်မိပြီထိန်ကြည်
လရောင်ဆမ်းတော့ အလွမ်းပိုပါသည်
ချစ်သူရှိရာဖွင့်ပြောပါလားလို့အတည်
ရိုးရိုးနဲ့မှန်ရာကိုပြောမည်
တကယ်စိတ်ကတည်
ဘယ်မိန်းမ မချစ်ခဲ့ပြီ
သဒ္ဒါကပိုသည် ဆရာမကိုပဲအသည်းစွဲအောင်ချစ်မိပြီ........"ကိုဟိန်းသူရ ဆရာမသီချင်းလေးဆိုရင်းကိုတိုးနဲ့အကြည့်ချင်းသာ စကားပြောနေကြသည်
ကိုတိုးမျက်လုံးထဲမှာ ရွန်းလဲ့သောမျက်လုံးဖြင့် ကြည်နူးမူအရိပ်အယောင်များဖြင့်သာပြည့်နေသည်
ကိုဟိန်းသူရသီချင်းအဆုံးမှာ အကုန်လုံးလက်ခုပ်သံများထွက်လာတော့သည်
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romansaကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း