Part-21

1.1K 52 2
                                    

Unicode

ကိုတိုးတို့မွေးနေ့အပြီးရွာမှာတစ်ရက်နေပြီ ကိုတိုးမနက်ဖြန်ကျောင်းဖွင့်တာမို့အဆောင်ပြန်လာကြပြီ
လာတုန်းကမမီလာခိုင်တို့လာခေါ်ပေမဲ့ အပြန်နဲ့ကိုဟိန်းသူရနဲ့ အတူပြန်လာတယ်

"သဲငယ် ဒီနေ့ကိုတို့အိမ်ဘဲလိုက်အိပ်လေ မနက်ကြမှစောစောလိုက်ပို့မယ်"

"အိပ်ရုံဘဲဆိုလိုက်မယ်"

"သဲငယ်ကအိပ်ရုံဘဲမဟုတ်လို့ ဘာလုပ်ချင်သေးတာလဲ"

ကိုဟိန်းသူရ သူ့ရဲ့သဲငယ်လေးကိုမေးလေးငေါ်ပြီးပြောလိုက်တယ်

"တော်ပြီ အဆောင်ဘဲပြန်အိပ်တော့မယ်"

"သဲငယ်ကလည်းကွာ ကိုကသဲငယ်လေးကိုခွဲနေရတာကြာနေပြီ"

"ဘယ်သူကခွဲခိုင်းလို့လဲ"

"ကိုက သဲငယ်မွေးနေ့ surprise လုပ်ပေးချင်လို့ကိုမှာသဲငယ်မျက်နှာလေးမြင်ချင်စိတ်တွေ ကြားချင်စိတ်တွေကိုအတော်ထိန်းချုပ်ခဲ့ရတာသိလား"

"ဟုတ်ပါပြီ အဲ့ဆိုညနေ၅နာရီလောက်လာခေါ် ခုတော့အဆောင်ပြန်ပို့ပေး စားမေးပွဲကြီးကလည်းနီးပြီဆိုတော့ မေးခွန်းfileတွေပြန်ရှာအုန်းမယ်"

"Okayအဲ့တာဆို ညနေလာခေါ်မယ်နော်"

ကိုဟိနိးသူရ ကိုတိုးကိုအဆောင်ပေါက်ချပေးခဲ့ပြီး အိမ်ပြန်လာခဲ့တယ်

............

ကိုတိုးအဆောင်မှာရေမိုးချိုးပြီး မေးခွန်းfileတွေလည်းလုပ်လို့ပြီးပြီ အချိန်ကြည့်လိုက်တော့ ၄နာရီသာရှိသေးတယ်

📲📲📲
"ဟလို"

"အေးငါ့မောင် အမ မနှင်းခိုင်"

"ဟုတ်အမပြောလေ"

"မနက်ဌာနမှူးတွေအစည်အဝေးရှိတယ်တဲ့ အဲ့​ကြောင့်မနက် အမအစားငါ့မောင်တတ်ပေးပါလား အမမင်းအချိန်တွေအစားဝင်ပေးထားမယ်နော် အမကမေးခွန်းတွေကဘာမှမလုပ်ရသေးလို့ အမကိုကူညီအုန်းနော်"

"ဟုတ်ရတယ် အမ ကျွန်တော်သွားတတ်ပေးမယ်လေ"

"အေးအေးကျေးဇူးပါ အဲ့ဆိုဒါဘဲနော်"

"ဟုတ်အမ"

ကိုတိုးဖုန်းပြောပြီး မနက်အစည်းအဝေးအတတ်ဖို့အဝတ်တွေထည်လိုက်တယ် ဘာလို့ဆို အစည်းအဝေးတတ်ရမည့်နေရာကကိုဟိန်းသူရတို့နဲ့နီးတော့တစ်ခါထည်းအဲ့အိမ်ကနေထသွားဖို့ပြင်ဆင်လိုက်တယ် အစကကိုဟိန်းသူရကိုလာကြိုခိုင်းထားပေမဲ့ မနက်အစည်းအဝေးလည်းတတ်ရအုန်းမှာဆိုတော့ ကိုတိုးဆိုင်ကယ်နဲ့ဘဲ ကိုဟိန်းသူရ တို့အိမ်မောင်းလာခဲ့တယ်

သဲငယ်ရဲ့ကိုကိုWhere stories live. Discover now