(Unicoad)
ညနေကတည်းကမေ့အိပ်အိပ်လိုက်တာမနက်ကြမှနိုးလာတယ်။ဆေးခန်းရဲ့ပြတင်းပေါက်ကနေမနက်ခင်းအလင်းရောင်လေးကမျက်နှာလေးကိုဖြာကြလျက်မျက်လုံးလေးပွတ်ပြီးထလာပြီး
"ငါဘယ်ရောက်နေတာလဲ"
ပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်ကြည့်လိုက်တော့သူဆေးမထိုးဘူးဆိုပြီးထွက်ခဲ့တဲ့ဆေးခန်းထဲမှာဘဲပတ်ဝန်းကျင်မှာလဲဘယ်သူမှမရှိ။လူရှာနေရင်းတံခါးပွင့်သံကြားတော့တံခါးဆီအကြည့်လွှဲလိုက်ပြီး
"သက်သာလား"
အင်းဒါနဲ့ညီလေးနိုင်လင်းထက်ကော"
"ကျောင်းသွားပြီလေ"
"အော်..ကျွန်တော်ဘယ်တော့ပြန်ရမလဲ"
"ညနေဆိုပြန်ရပြီ။မနေ့ကတည်းကဆေးလေးတစ်လုံးထိုးလိုက်ရင်ပြီးနေတာကိုခုတော့မင်းဘဲဆေးတွေအများကြီးထိုးရတာ"
"ကျွန်တော်မေ့နေတုန်းထိုးတာကြိုက်သလောက်ထိုး ကျွန်တော်လေအဲ့အပ်မြင်ရင်မတရားမုန်းတာ"
"ဟုပါပြီဗျာ မုန်းပါဗျာ နေမကောင်းရင်တော့ထိုးရမှာဘဲ"
ရွဲ့ပြောပြောရင်းနဲ့လက်ထဲကဆန်ပြုတ်ပန်းကန်လေးထဲဇွန်းကိုကိုင်ရင်းသေချာတယ်ခွံကျွေးရတော့မယ်ဘာလို့ဆိုသွင်းထားတဲ့ဆေးကမပြီးသေးလို့ဘဲ
"ဟ...ပါးစပ်"
"Nurseမရှိဘူးလား"
"ဒါဆေးရုံမဟုတ်ဘူးဟမှာသာဟစမ်းပါ"
ကိုယ်ကစေတနာနဲ့ခွံကျွေးနေတာကိုငြင်းချင်နေတဲ့ကောင်လေးကြောင့်ဒေါသသံလေးဖြင့်ပြောလိုက်တယ်
ဆေးကသွင်းထားတာဆိုတော့ခွံကျွေးတာကိုငြင်းမရတော့
"ရော့...ဆေးသောက် ရှေ့ကလူနာတွေသွားကြည့်လိုက်အူးမယ်"
ဆေးခန်းကနေအဆောင်ပြန်ဖို့လုပ်တော့မနေ့ကနိုင်လင်းထက်ကဆိုင်ကယ်စီးသွားတယ်
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း
