Part-29

1.3K 42 2
                                    

Unicode

ကိုဟိန်းသူရလည်းကိုတိုးထွက်သွားနဲ့နေ့ကပင်နေ့တိုင်းအရက်တွေသောက်နေတယ်အရက်နဲ့မျက်နှာသစ်အရက်နဲ့ဘဲရေချိုးတယ်ပေါ့

"သား နေ့လယ်၁၂ထိုးနေပြီထတော့လေ"

မနေ့ညကလည်းအရက်တွေမူး​ပြီးမနက်၅နာရီလောက်မှပြန်ရောက်တယ်

"မထချင်သေးဘူး အိပ်နေတာဘဲသားဘဝအေးချမ်းတယ်"

ကိုဟိန်းသူရအိပ်ယာထဲကမထဘဲပြောလိုက်တယ်

"သား သားခုလိုတွေလုပ်နေတာသားအတွက်ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး ခုသားဆေးရုံကလည်းအလုပ်ထွက်လိုက်ပြီဆေးခန်းလည်းမဖွင့်တော့ဘူးသားအတွက်ဘာများထူးလာလို့လဲ"

"ထူးတာပေါ့ နွယ်ဝတီသူယူရမဲ့ယောကျာ်းဟာဆရာဝန်ဆိုတာမဟုတ်တော့ဘဲ အရက်သမားတစ်ယောက်သာဖြစ်နေရမယ်လေ ဂုဏ်ဒြပ်တွေမက်တဲ့သူ့တို့သားအမိအတွက် သားကလည်းပညာပြရသေးတာပေါ့"

"သူတို့ကနောက်မှထိခိုက်မှာခုကသားလေးထိခိုက်နေပြီလေ"

"သားထိခိုက်တာ သဲခံစားရတာမမှီသေးဘူး အိမ်ရဲ့စွန့်ပစ်ခြင်း အဖွားဆုံးသွားတာတွေ သဲဘယ်လောက်ခံစားနေရမလဲ  သားအဲ့တာတွေပြန်စဥ်းစားတိုင်းသားကိုယ်သားလည်းခွင့်မလွှတ်နိုင်သလို နွယ်ဝတီတို့သားအမိကိုလည်း ဘယ်လိုမှခွင့်မလွှတ်နိုင်ဘူး"

ဒေါ်မာလာဦး လည်းသားဖြစ်သူကိုဘယ်လိုမှပြောမရတော့တာကြောင့်ပြန်ထွက်သွားတော့တယ်

..........

ကိုတိုး ကိုဟိန်းသူရဆီကထွက်လာပြီး မန္တလေးမြို့ရဲ့ အစွန်မိဘမဲ့ဂေယာတစ်ခုမှာအခမဲ့စာဝင်သင်ပေးနေတယ် နေတာလည်းအဲ့ဂေယာမှာဘဲနေတော့တယ် ၁လတောင်ပြည့်တော့မယ်

"သားခိုင်လင်းဦးဘာဖြစ်နေတာလဲ နေမကောင်းဘူးလားမျက်နှာလည်းမကောင်းဘူး"

ခိုင်လင်းဦးဆိုတာဂေယာကကိုတိုးအချစ်ဆုံး ၅တန်းကျောင်းသားလေး

"ဟုတ်သားဗိုက်အောင့်နေလို့"

"ဟုတ်လားသား ညနေကြဆရာနဲ့ဆေးခန်းသွားမယ်နော်"

သဲငယ်ရဲ့ကိုကိုWhere stories live. Discover now