Part- 10(Zaw)

102 4 0
                                    

(Unicoad)

မေတ္တာရပ်ခံခြင်း-
အရှေ့ပိုင်းတွေမှာဆရာတိုးတတ်အောင်လို့ရေးခဲ့တာပါခုနောက်ပိုင်းတွေမှာကိုတိုးလို့ဘဲရေးတော့မယ်နော်ဆရာနိုင်လင်းထက်လည်းနိုင်လင်းထက်လို့ဘဲရေးမယ်နော်

ဖတ်ရတာလဲအဆင်ပြေရေးရတာလဲအဆင်ပြေအောင် အဆင်မပြေတာတစ်ခုခုရှိရင်တောင်းပန်ပါတယ်
........

၁နာရီကျော်လောက်မောင်းပြီးတော့

5miles Waterboom

ရေကူးကန်တွေနဲ့စားသောက်ဆိုင်တွေနဲ့ ကစားကွင်းတွေနဲ့ ကိုဟိန်းသူရလက်မှတ်၅စောင်ဖြတ်ပြီး ကားရပ်နားတဲ့နေရာမှာကားထိုးခဲ့တယ်
ပြီးတော့ကားပါကင်နဲ့နီးတဲ့နားနေတဲလေးတစ်လုံးဆီကိုပါလာတဲ့မုန့်တွေနေရာချထားလိုက်တယ်

"ကိုဟိန်းသူရ beerသောက်အုံးမလား"

ကိုဟိန်းသူရကသောက်ချင်တာမဟုတ်ပေမဲ့ ကိုခန့်သူအောင်သောက်ချင်လို့ အဖော်ညှိတာကိုသိလို့
ခေါင်းညိမ့်လိုက်တယ်

"အွန်းသွားမယ် "

ကိုဟိန်းသူရလည်းယောက်ျားလေးဆိုတော့အသောက်အစားကတော့ရှိတာပေါ့

"အဲ့ဆိုမမတို့နေခဲ့အုန်း ကျွန်တော်နဲ့ကိုဟိန်းသူရ မုန့်တွေသွားဝယ်လိုက်အုံးမယ်"

"မုန့်ဆိုမုန့်ဘဲနော် အလတ်ကောင်"

"ဟုတ်ကဲ့ပါ အမကလည်းနည်းနည်းပါးပါးဘဲ"

ကိုဟိန်းသူရနဲ့ ကိုခန့်သူအောင် ၂ယောက်သား စားသောက်ဆိုင်တန်းဘက်ကိုထွက်သွားကြတယ်
ကျန်ခဲ့တဲ့လူတွေကတော့ တဲလေးထဲမှာပါလာတာလေးခင်းကျင်းနေကြတယ်
လက်ထဲကအိတ်တွေနဲ့ ကိုခန့်သူအောင်တို့ပြန်လာကြပြီ

"ကိုခန့် ဒါကျွန်တော်တို့ကရေကစားဖို့လာဆာနော်သောက်စားဖို့မဟုတ်ဘူး"

"အေးပါကွ ငါ့တို့ကလည်းနည်းနည်းပါးပါး ပါကွ မမတောင်ဘာမှမပြောဘူး မင်းကဘာဖစ်နေတာလဲ"

ကိုတိုးက နဂိုကတည်းအရက်ဘီယားမုန်းတာ ကျောင်းဆရာဆိုတော့ပိုဆိုး

"ဆရာကလည်း ယောက်ျားမဟုတ်တဲ့အတိုင်းဘဲ"

နိုင်လင်းထက်ထက်ပြောတော့ ကိုတိုးမျက်နှာပျက်သွားတယ် ကိုဟိန်းသူရကလှောင်ရီလေးရီလိုက်တော့ ပိုဆိုး

သဲငယ်ရဲ့ကိုကိုWhere stories live. Discover now