မဂ်ဆောင်ခန်းမထဲမှာ ဧည့်သည်တွေအရမ်းကျနေပြီ
"သမီးနဲ့သားပြီးပြီလား ပွဲစတော့မယ်နော်"
နွယ်ဝတီအမေက အခန်းထဲလာပြောပြီးပြန်ထွက်သွားတယ်
"နွယ်ဝတီ မင်းမရှက်ဘူးလား"
"ဘာကိုလဲဟိန်း"
"မင်းမိန်းကလေးမတန်ဘဲယောကျာ်းလေးတစ်ယောက်အကွပ်ကျကျသိမ်းပိုက်တာကိုပေါ့"
"နွယ် ဟိန်းကိုချစ်လို့လေ"
"ငါမှမင်းကိုမချစ်ဘဲ"
"မလိုဘူး ဟိန်းပြန်ချစ်ဖို့မလိုဘူး ဟိန်းနဲ့လက်ထပ်ပြီးရင် ဟိန်းကိုနွယ်ပိုင်ပြီ"
"မင်းအရမ်းရွံဖို့ကောင်းတာဘဲ"
........
ကိုတိုးတို့ ကိုဟိန်းသူရအိမ်ရှေ့ရောက်ခဲ့ပြီ
"ဆရာလေး အိမ်ကလည်းပိတ်ထားတယ် ဘယ်သူမှမရှိဘူးထင်တယ်နော်"
"နေအုန်းကျွန်တော်ခေါ်ကြည့်အုန်းမယ် ကိုသူရ ....ကိုသူရ.... မေကြီး ....မေကြီး...,
ဘယ်သွားကြလဲမသိဘူး"ကိုတိုးတို့အိမ်ထဲလှမ်းအော်နေတုန်း အိမ်ရှေ့ကနေလူတစ်ယောက်ဖြတ်လျှောက်လာတယ်
"အကို ဒီအိမ်ကလူတွေဘယ်သွားကြလဲ"
"အော်ဒီအိမ်ကလူတွေလား ဒီနေ့ဒီအိမ်ကဒေါက်တာဟိန်းသူရနဲ့ဟိုဘက်ခြံကဒေါက်တာနွယ်ဝတီတို့လက်ထပ်ပွဲနေ့လေ"
ထိုလူကတော့ပြောပြီးထွက်သွားတော့တယ် ကိုတိုးကြားလိုက်တဲ့စကားကြောင့် ချာချာလည်
"ကျွန်တော်တို့လာတာနောက်ကျသွားပြီအကို အကိုရှင်းပြလည်းဘာမှမထူးတော့ဘူး"
"နောက်မကျသေးပါဘူး"
ကိုတိုးထိုစကားသံရှိရာလှည့်ကြည့်လိုက်တော့ဒေါ်မာလာဦး
"မေကြီး..."
ဒေါ်မာလာဦးအိမ်မှာပိုက်ဆံအိတ်နဲ့တံဘက်ကျန်ခဲ့လို့ပြန်လာယူတာ ကိုတိုးပြေးပြီးဖတ်လိုက်တယ် ဒေါ်မာလာဦးကလည်းရင်ခွင်ထဲကိုကြိုဆိုလိုက်တယ်
"သားလေး ဘယ်တွေလျှောက်သွားနေတာလဲ "
"မေကြီး ဒီနေ့ကိုကိုမဂ်လာဆောင်ဆို"
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း