Unicode
"မြေးတိုးလေးရေ အောက်ဆင်းခဲ့ပါအုန်းဒီမှာမြေးကြိုက်တဲ့အုန်းနို့ကျောက်ကျောရပြီ"
"ဟုတ်ဖွားဖွားဆင်းခဲ့မယ် ၅မိနစ်ဘဲစောင့်"
ဘောင်းဘီနီညိုဒူးဖုံးလေးနဲ့ အက်ျီအဖြူလေးနဲ့ကိုတိုးအခန်းထဲကထွက်ပြီးအောက်ထပ်ဆင်းလာခဲ့တယ်
"ရော့ဒီမှာမြေးလေးမကြိုက်အုန်းနို့များများ"
"ဖွားဖွားကြီးကတကယ်ကိုဘက်လိုက်တယ် သူ့မြေးအတွက်ကြအကြီးကြီးဘဲ သမီးကြမဝဘူး"
"ငါ့ကငါ့မြေးလေးအတွက်လုပ်ထားမှတော့ ငါ့မြေးလေးဘဲများများကျွေးမှာပေါ့အေ့"
"တော်ပြီနောက်ဆိုဖွားဖွားကြီးဆီလိုက်မလာတော့ဘူး"
"မမရယ်စိတ်မဆိုးပါနဲ့ရော့ကျွန်တော်လည်းမကုန်ဘူး"
"ငါကနင်မကုန်လို့ကျန်တဲ့ဟာစားစရာလား"
"တော်တော့ဘာမှမဟုတ်ဘဲနားငြီးတာ"
ကြားထဲကအဒေါ်ဖြစ်သူကစကားရပ်ပေးလိုက်ရတယ်"မြေးလေးစားပြီးရင်ဖွားဖွားနဲ့စျေးသွားရအောင်မြေးမလေးလည်းလိုက်ခဲ့လေ"
"ဖွားဖွားကသမီးမှမချစ်တာ လိုက်ချင်ပါဘူး"
"ဖွားဖွားကမြေးတွေအကုန်လုံးချစ်ပါတယ် မြေးတိုးလေးကိုနည်းနည်းပိုချစ်တာ"
"ဖွားဖွားနည်းနည်းဘဲလား"
ဒေါ်အုန်းရီ မြေးဖြစ်သူကိုကြည့်ပြီးသဘောကျစွာရီလိုက်တယ်
"စကားမများနဲ့မြန်မြန်အငယ်ကောင် ေစျးအပြန်မိုးချုပ်လိမ့််"
"အွန်းပါ"
ကိုတိုးစားသောက်ပြီးအဝတ်အစားလဲကာစျေးသို့မြေးဖွားသုံးရောက်ထွက်သွားကြတယ်
..........
ကိုဟိန်းသူရ ဆေးရုံကအပြန်လမ်းမှာကားစိီးကရှေ့ကနေပိတ်ရပ်လိုက်တယ် ကိုဟိန်းသူရလည်းကားပေါ်ကနေဆင်းလိုက်တယ်
"ဟျောင့်တွေ ဘာကြောင်နေတာလဲ မင်းတို့ကားမမောင်းတတ်ဘူးလား"
"ဖြေးဖြေးပေါ့ဆရာဝန်လေးရယ် ဘာလို့အဲ့လောက်ဒေါသထွက်နေရတာလဲ"
![](https://img.wattpad.com/cover/285957431-288-k128813.jpg)
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း