Part-28

1.1K 41 6
                                    

Unicode

ကိုတိုးတို့ ပြင်ဦးလွင်မှာနေတာ၁ပတ်ကျော်ခဲ့ပြီမို့ဒီနေ့အိမ်ပြန်တော့မယ်

"ဖွားဖွား ဒီနေ့အဖေလာကြိုမှာသားကိုပြောထားတဲ့အတိုင်းနော်ဖွားဖွား"

"ဟုတ်ကဲ့ပါရှင့် ကျွန်မပြောပေးပါ့မယ်"

"အဲ့ကြောင့်ဖွားဖွားကိုချစ်ရတာ
မွ မွ"

"ဖွားဖွားမြေးက ဘာတွေပူဆာနေတာလဲ"

ဒေါ်စန်းစန်းဌေး ကိုတိုးမြေးဖွားရှိရာခြံထဲဆင်းလာခဲ့တယ်

"ညည်းသားသူယောကျာ်းယူဖို့သူ့အဖေကိုကူပြောဖို့စစ်ကူတောင်းနေတာ"

"သားဘာလို့ဖွားဖွားကိုလျှောက်ပြောနေတာလဲ အမေမကြိုက်ဘူးနော် အမေသားအဖေကိုပြောပေးမယ်ပြောထားတာကို"

ဒေါ်စန်းစန်းဌေးဆူလိုက်တော့ကိုတိုးမျက်နှာညှိးသွားတယ်

"ငါ့မြေးကိုညည်းမဆူပါနဲ့ ငါတောင်မဆူဘူး ညည်းကဘာလို့ဆူနေတာလဲ"

"အဲ့လိုမဟုတ်ပါဘူးအမေရဲ့ အမေစိတ်ဆင်းရဲနေမှာစိုးလို့ပါ"

"ငါမြေးလေးပျော်ရင် ငါစိတ်ချမ်းသာတာဘဲ ညည်းတို့လင်မယား၂ယောက်ငါမြေးလေးကိုငေါက်တာတို့ရိုက်တာတို့ကြားလို့ကတော့ငါကိုယ်တိုင်ငါ့မြေးကိုလာခေါ်သူ့စိတ်ချမ်းသာသလိုထားမှာ"

"အဲ့ဆိုလည်းသမီးမပြောနဲ့တော့ အမေ့သားလာမှသာပြောတော့"

ဒေါ်စန်းစန်းဌေးလည်းစကားပြောပြီးအိမ်ထဲပြန်ဝင်သွားတော့တယ်

"ဖွားဖွားကြီးကတော့ချစ်ဖို့အရမ်းကောင်းတာဘဲနော်"

ကိုတိုးသူကိုကာကွယ်ပေးတဲ့အဖွားကိုအရင်ကထက်ပင်အချစ်တိုး

တီ...တီ...တီ🚗🚗🚗

ကားဟွန်းသံကြောင့်ကိုတိုးခြံတံခါးသွားဖွင့်ပေးလိုက်တယ်
ဦးထွန်းနိုင်ဦးလာကြိုပြီ

"အမေနေကောင်းတယ်မလား"

ဦးထွန်းနိုင်ဦး ကားပေါ်ကဆင်းပြီခြံထဲကအမေရှိတဲ့ခြံဝန်းထဲလျှောက်လာခဲ့တယ်

"နေကကောင်းတယ် မကောင်းတာစိတ်"

"အမေဘာဖြစ်နေလို့လဲ"

သဲငယ်ရဲ့ကိုကိုWhere stories live. Discover now