(Unicoad)
မနက်မိုးလင်းတော့ မနေ့ကအရှိန်ကြောင့် ကိုတိုး ခေါင်းနည်းနည်းမူးနေသေးတယ် ခေါင်းလေးကိုနှိပ်ရင်း အောဂ်ထပ်ကိုဆင်းသွားတော့တယ်
ထမင်းဝိုင်းမှာ ကိုတိုးကလွဲပြီးမိသားစုအစုံအလင်
ကိုဟိန်းသူရနဲ့ နိုင်လင်းထက်တော့မရှိ"နိုးလာပြီလားကိုယ်တော်ချော"
မမီလာခိုင်က မေးနေတာကို အာရုံမရဘဲဘေးပတ်ဝန်းကျင်ကိုဘဲ ကြည့်နေတယ်
"မမကိုသူရတို့ကော"
"အေးပြန်သွားပြီ ဆရာနိုင်လင်းထက်အမေ အသည်းအသန်ဖစ်လို့တဲ့ မနက်၆နာရီလောက်ကပြန်သွားတယ်"
မနေ့က 5miles
ကိစ္စနဲ့မြန်းဆိုင်နေသလားလို့ကိုတိုးစိတ်ပူနေတယ်"ကျွန်တော်လည်း ကိုသူရကဘာမှပြောမသွားဘူး"
"နင်ကို ကိုဟိန်းသူရလာပြောတယ် နင်အိပ်နေလို့တဲ့ ပြောမသွားတော့တာ "
"ဟုတ်ဟုတ် ကျွန်တော်ဖုန်းဆက်ပြီးဘဲပြောလိုက်တော့မယ်"
ကိုတိုးမျက်နှာသစ်ပြီး မနက်စာဝင်စားတယ် မနက်စာစားပြီလို့အိမ်ပေါ်ပြန်တတ်ဖို့ထလိုက်တုန်း
"သားငယ်ထိုင်အုန်း"
အမေရဲ့ခေါ်သံကြောင့်ပြန်ထိုင်လိုက်တယ်
"ဟုတ်အမေ ဘာကိစ္စရှိလို့လဲ"
"မနေ့ကသားတို့ရန်ဖစ်တယ်ဆို ဒေါက်တာလေးကစေတနာနဲ့ပြောတာလေ အမေမကြိုက်တဲ့ဟာတွေလည်းသောက်တယ်"
"အဲ့တာတွေရဲ့တရားခံက ကိုလတ် သူဝယ်လာတာ"
ကိုတိုးကိုခန့်သူအောင်ကိုမေးငေါ့ပြီးပြောလိုက်တယ်"သူများကိုအပြစ်အပြောနဲ့ အလတ်ကောင်ကိုလည်းပြောပြီးပြီး ခုသားငယ်ကိုအမေပြောနေတာ အမေပြောချင်တာကတော့ ဒေါက်တာကိုတောင်းပန်လိုက်"
"ဟုကဲ့ပါမေမေရဲ့ သားကလည်းတောင်းပန်မလို့ပါဘဲ
သားအခုဘဲဖုန်းဆက်လိုက်တော့မယ်နော်"အမေဖစ်သူကိုထိုင်ရာကနေထဖတ်ပြီးပြောလိုက်တယ်ပြီးတော့အိမ်ပေါ်တတ်သွားတော့တယ်
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာဆက်သွယ်မူဧရိယာ............
ကိုဟိန်းသူရဆီ ကိုတိုးဖုန်းခေါ်လို့မရတော့နိုင်လင်းထက်ဆီဘဲခေါ်လိုက်တော့တယ်
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း