Unicode
ကိုတိုး ဒေါ်မာလာဦးရှင်းပြပြီးအတင်းခေါ်လာလို့သာ ကိုဟိန်းသူရနောက်လိုက်လာတာ စိတ်ဆိုးကမပြေသေး
ကိုဟိန်းသူရအိမ်ပြန်ရောက်ထမင်းစားပြီးအိမ်ပေါ်တတ်သွားကြတယ်"သဲငယ်ကို့ကိုကြည့်ပါအုန်း"
ကုတင်ပေါ်မှာကိုတိုး ကိုဟိန်းသူရကိုကျောပေးပြီးထိုင်နေတယ်
"သဲငယ်လို့ ကိုခေါ်နေတယ် အမေကလည်းသဲငယ်ကိုအကုန်ရှင်းပြပြီးပြီကို သဲငယ်ကို့ကိုမယုံဘူးဆိုရင်ကိုလက်ထပ်ဖို့အမြန်ပြင်ဆင်လိုက်ရတော့မလား"
"ခုတောင်အမေကိုအားနာလို့လိုက်လာတာ သူ့ကိုယ်သူဘာမှတ်နေလဲ အမေသိတာနဲ့ဘဲလက်ထပ်ရပြီထင်နေလား ပြီးတော့ကျွန်တော်လုံးဝစိတ်ဆိုးမပြေသေးဘူး အဲ့ကြောင့်ကိုသူရကျွန်တော်နဲ့ဝေးဝေးနေ"
"သဲငယ်ကလည်းကွာ အထင်လွဲတာပါဆို လက်ထပ်မယ်ဆိုတာလဲသဲငယ်နဲ့အတူနေချင်ပြီလေ ပြီးတော့ကိုကသဲငယ်သက်ဆုံးတိုင်အတွက်ရွေးချယ်ထားတာလို့ပြောချင်တာ ကို့ကိုစိတ်ဆိုးပြေပါတော့နော် နော် နော် နော်လို့
သဲငယ်စိတ်ဆိုးမပြေဘူးဆိုရင်အမေကိုသွားခေါ်လိုက်မှာနော်"ကိုဟိန်းသူရကတော့ဒေါ်မာလာဦးနဲ့ကိုတိုးကိုအကြပ်ကိုင်
"ကိုသူရ ခင်ဗျားတကယ်ကိုမကောင်းတဲ့လူဘဲ ဒီတစ်ခါတော့အမေမျက်နှာထောက်ပြီးခင်ဗျားကိုခွင့်လွှတ်လိုက်မယ် နောက်ခါဆိုလုံးဝအပျက်ဘဲနော်"
"ဟုတ်ကဲ့ပါဗျာသဲငယ်လေးဆန္ဒအတိုင်းပါဘဲဗျာ ခုတော့မိုးချုပ်နေပြီအိပ်ချင်နေပြီအိပ်ကြရအောင်"
"အိပ်လေကိုယ့်မျက်လုံးနဲ့ကိုယ်အိပ်တာ"
"သဲငယ်မနောက်ရဘူးလေကွာ
"ကိုကသဲငယ်လေးကိုကိုယ့်ရင်ခွင်ထဲမှာထည့်ပြီးအိပ်ချင်တာလေ
"ဆုတောင်းလိုက်ပါကိုသူရ ဟိုဆိုဖာပေါ်သွားမအိပ်ရတာကိုကံကောင်းတယ်မှတ်"
"သဲငယ်ရက်စက်တယ်ကွာ ကို့ကိုတကယ်ရက်စက်တယ်"
"ပါးစပ်ပိတ်ပြီးအိပ်လိုက်တော့ကိုသူရ ကျွန်တော်မနက်အစည်းအဝေးစောစောသွားရအုန်းမှာ"
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း