(Unicoad)
"ကိုတိုး ကိုတိုး"
ကိုဟိန်းသူရခွထားတဲ့ကောင်လေးကိုနှိုးနေတယ်အွန်းနဲ့အဲ့နဲ့ဟိုလိမ့်ဒီလိမ့်လိမ့်နေတယ်
"ထတော့ကိုတိုး၎နာရီထိုးနေပြီအချိုပွဲတွေသွားယူရမှာလေ"
ကိုဟိန်းသူရစကားကြားသွားတော့မှ အိမ်ချင်မူးတူးထလာတဲ့ဆရာတိုးတတ်အောင်
"ဟုသားဘဲ မေ့နေတာ"
ခုတင်ပေါ်ကနေပြာပြာယာယာဆင်းပြီးအောက်ထပ်ကိုဆင်းသွားတယ် ကိုဟိန်းသူရလည်းဆရာတိုးတတ်အောင်နောက်ကနေလိုက်ပြီးအောက်ထပ်ဆင်းသွာတယ်
"အော်မမနိုးနေပြီလား"
မီလာခိုင်ကအိမ်အောက်မှာမျက်နှာသစ်ပြီးဘုန်းကြီးကျောင်းသွားဖို့ပြင်ဆင်နေတယ်
"အေးနိုးပြီ အမေတို့တောင်ဘုန်းကြီးကျောင်းသွားပြီး ခုဘဲလာနိုးတော့မလို့"
"ဟုတ်မမအဲ့ဆို ကျွန်တော်မျက်နှာသစ်ပြီး ကြီးကြီးဆီအချိုပွဲသွားယူလိုကိတော့မယ်"
အမဖြစ်သူကိုပြောပြီးမျက်နှာသစ်ဖို့ထွက်သွားတော့တယ် နောက်ကနေကိုဟိန်းသူရတစ်ယောက်လည်းပါသွားတယ် မျက်နှာသစ်ပြီး ဆရာတိုးတတ်အောင် အိမ်ကလိုက်ထရပ်ကားလေးကိုမောင်းပြီး ကြီးကြီးနွဲ့ဆီကို ကိုဟိန်းသူရနဲ့အတူ မောင်းထွက်သွားတယ်
"ကိုတိုးက ကားမောင်းတတ်တာဘာလို့ကျောင်းကိုကားယူမလာတာလဲ"
"မောင်းတော့မောင်းတတ်တယ် အကျွမ်းကြီးတော့မဟုတ်ဘူး လိုင်စင်တောင်မလုပ်ရသေးဘူး"
နှစ်ယောက်သားစကားပြောရင်း၁၅မိနစ် လောက်
မောင်းလိုက်တော့၂ထပ်ပျဉ်ထောင်အိမ်ရှေ့မှာ ကားရပ်လိုက်တယ် ဆရာတိုးတတ်အောင်ကကားတံခါးဖွင့်ပြီး အိမ်ထဲကိုဝင်သွားတယ်အိမ်ထဲမှာဖျင်ကြမ်းထည်လေးဝတ်ပြီးထိုင်နေတဲ့ဒေါ်နွဲ့တင်
"ကြီးကြီး ကြီးကြီး"
အော်သံကြောင့်အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ကြီးကြီးနွဲ့
"လာပြီ လာပြီ
အော် သားဘယ်တုန်းကပြန်ရောက်တာလဲ ကြီးကြီးဆီတောင်မလာဘူး ဒီကကြီးကြီးကသူကိုမျှော်နေတာ ပြီးတော့သူကြိုက်တတ်တဲ့အုန်းနို့ကျောက်ကျောကြိုထားလို့"

YOU ARE READING
သဲငယ်ရဲ့ကိုကို
عاطفيةကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း