(Unicoad)
ကိုတိုး မနေ့ညကစဉ်းစားရင်း ညဉ်းနက်မှအိပ်ပျော်သွားတော့ မနက်အိပ်ယာထနောက်ကျပြီးမှနိူးလာတယ်
အိပ်ယာနိုးတော့ မျက်နှာသစ်ပြီးအောက်ထပ်ဆင်းသွားတော့တယ်အောက်ထပ်ထမင်းဝိုင်းမှာကိုဟိန်းသူရတို့မိသားစုနဲ့ မမီလာခိုင်တို့သားမိတွေစကားနှောနေကြတယ်
"နိုးလာပြီလား သား"
"ဟုတ် အမေတိူ့ကနိုးနေတာကြာပြီလား"
ကိုတိုး ထမင်းဝိုင်းတစ်နေရာမှာနေရာယူကာ ပြန်ဖြေလိုက်တယ်"အေးကြာပြီ သားကိုလာနိုးမလို့ဘဲ သားကနေကောင်းကာစမို့ အိပ်ရေးဝအောင်လာမနိုးတာ"
"ဟုတ် အမေဒါနဲ့ ကိူခန့်လာမကြိုသေးဘူးလား"
"အေးခုနကဖုန်းဆက်တာတော့ထွက်လာပြီတဲ့ ခဏနေဆိုရောက်တော့မယ်ထင်တယ်"
"ကိုတိုး သားဘာစားချင်လဲ အန်တီ သားကြီးကိုသွားဝယ်ခိုင်းလိုက်မယ်လေ"
"ရတယ် အန်တီမာလာ သားအတွတ်ထွေထွေထူးထူး မလူပ်ပါနဲ့"
အားလုံးမနက်စားပြီးခဏကြာတော့ ကိုခန့်သူအောင် ကိုဟိန်းသူရ တို့အိမ်ရောက်လာပြီ
"အဲ့တာဆို အမမာလာကျွန်မတို့ပြန်တော့မယ်နော်"
"အေးအေး ညီမနောက်မန္တလေးလာရင်အိမ်ဝင်ခဲ့ကြနော်"
"စိတ်ချ အမမာလာ မန္တလေး ရောင်တာနဲ့လာခဲ့မယ်"
မိသားစုတွေနှုတ်ဆက်ပြီး ကားပေါ်တတ်သွားကြတော့တယ်"ကိုခန့် ကျွန်တော်ကိုအဆောင်ဘက်ဝင်ချပေး"
"မင်းကတော့ ရူပ်ပြီ"
ကိုဟိန်းသူရအိမ်ကနေဆိုရင် ရွာပြန်ရမှကတစ်လမ်း ကိုတိုးအဆောင်ကတစ်လမ်းဆီဘဲ
"ဒါဆို ကိုတိုး ငါနဲ့လိုက်ခဲ့လေ ငါအခုဆေးရုံသွားတော့မှာ"
"ဟုတ်သားဘဲ သားငယ် သားဟိန်းသူရနဲ့လိုက်သွားလိုက်တော့ မဟုတ်လဲ လမ်းကြုံနေတာဘဲ"
ဒေါ်စန်းစန်းဌေး ပြောစကားကြောင့်ကားပေါ်က ကိုတိုးအထုပ်လေးဆွဲပြီး ကားပေါ်ကဆင်းလိုက်တယ်
အိမ်ထဲကထွက်သွားတယ် အမေနဲ့ အမတို့ကိုလက်ပြနှုတ်ဆက်လိုက်တယ်
YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း