Part- 16(Zaw)

115 4 0
                                    

(Unicoad)

ကိုဟိန်းသူရ ကိုတိုးတို့အဆောင်ကိုချောင်းပေါက်မတတ်လာတယ်
ကိုတိုးကတော့ မလာဖို့ပြောပေမဲ့ လာတယ်သူကပြောမရတော့ လာမြဲဘဲ

"ကိုတိုး မင်းအဆင်သင့်ဖြစ်ပြီလား"

"ကိုသူရ ကျွန်တော်ရင်မဆိုင်ရဲဘူး ကျွန်တော်ကြောက်တယ်"

ကိုတိုးသူ့နှလုံးသားကိုလွတ်လပ်စွာရှင်သန်မူပေးလိုက်တော့ သူကိုဟိန်းသူရကိုချစ်မိနေပြီ

"ဘာကိုကြောက်တာလဲ ကိုတိုး"

"အရာအားလုံးကိုဘဲ ကိုသူရ ပတ်ဝန်းကျင် မိသားစု တစ်ခြားသူတွေရဲ့အကြည့်တွေဝေဖန်သံတွေ"

"ကိုတိုး ငါဟာမင်းအတွက်အဲ့အရာတွေကိုကာဆီးပေးမဲ့ တံတိုင်းကြီးပါကွာ ငါအရာအားလုံးကိုမင်းအတွက်ရင်ဆိုင်မယ် မင်းနာကျင်ရမှာတွေကို ငါဘဲခံစားမယ် မင်းကငါကိုချစ်နေပေးရင်းရပြီ "

"ကိုသူရ ကျွန်တော်ကိုတကယ်ဘဲချစ်တာလား,"

"အဲ့မေးခွန်းကငါမေးရမှာပါကွာ ငါရဲ့အချစ်တွေက မင်းငါ့ဆေးခန်းကိုလာကတည်းက မင်းအပိုင်သိမ်းသွားခဲ့ပါပြီကွာ"

ကိုဟိန်းသူရ ကိုတိုးကိုသူ့ရင်ခွင်ထဲမှာခဏတာမှေးဆက်ခွင့်ပြုလိုက်တယ်

ကိုတိုးလည်းသူနှလုံးသားကိုလွတ်လပ်စွာ ရှင်သန်ခွင့်ပြုလိုက်တော့တယ်

...........

ကိုတိုးနဲ့ကိုဟိန်းသူရ ချစ်သူတွေဖြစ်သွားခဲ့တာ တပတ်ကျော်ကြာပြီဖြစ်တယ်
ကိုတိုးက သူ့တို့ပတ်သတ်မူကို ဘယ်သူကိုမှပြောမပြခိုင်းတာမို့ ဘယ်သူမှမသိသေး
နိုင်လင်းထက်ကတော့ရိပ်မိနေခဲ့ပြီ

"ဟလို ကိုသူရ ဘယ်ရောက်ပြီလဲ ကျွန်တော်စောင့်နေတာကြာလှပြီ"

"လာပါပြီ သဲငယ်ရယ် ရောက်တော့မယ်"

"ဘာသဲငယ်လဲ အဲ့လိုမခေါ်နဲ့လို့ပြောထားတာကို"

"ဟုတ်ပြီ သဲငယ်မကြိုက်ရင်မခေါ်တော့ဘူး"

ကိုတိုးစကားဆုံအောင်နားမထောင်ဘဲ ဖုန်းချလိုက်တယ်
ဒီတန်ဆောင်မုန်းလပြည့်မှာရွာပြန်မှာမို့ ကိုတိုးမိသားစုနဲ့ကြီးကြီးတို့ကန်တော့ဖို့ မုန့်ပုံးတွေ မမီလာခိုင်အတွက် ပိုးထည်လေးတွေ ကိုခန့်အတွက် ပုဆိုးသွားဝယ်ဖို့ ချိန်းထားကြတယ်
ကိုတိုးသူ့ဘာသာသွားမှာကို ကိုဟိန်းသူရလိုက်ပို့မယ်လို့ဇွတ်ပြောတာကြောင့်သာ သူစောင့်နေခဲ့ရတာ

သဲငယ်ရဲ့ကိုကိုWhere stories live. Discover now