(Unicoad)
နှစ်ဝက်စာမေးပွဲပြီးလို့ကျောင်း၁၀ရက်ပိတ် ကိုဟိန်းသူရကဆေးရုံကလည်းသီတင်းကျွတ်နားရက်
အဆောင်ရှေ့မှာကားစောင့်နေတဲ့ဆရာ၂ယောက် ကိုဟိန်းသူရကားနဲ့ဘဲသွားကြမှာလေ စောင့်နေရင်းကားနက်လေးအဆောင်ရှေ့ဝင်လာပါပြီ"ကိုကြီးဟိန်းသူရရေကြာလိုက်တာ ဒီမှာဆရာနဲ့ကျွန်တော်စောင့်နေတာကြာလှပြီ"
ဆရာနိုင်လင်းထက်ထိုင်ရာကနေထပြီးပြောတယ်
"အေးပါကွ ငါလည်းကားစစ်နေလို့ပါကွ လမ်းသွားရင်းဒုက္ခရောက်မှာဆိုးလို့ကွ"
ကိုဟိန်းသူရပြောပြောဆိုဆိုအထုပ်တွေကူတင်ပေးနေတယ်
ဆရာတိုးတတ်အောင်လည်းအထုပ်တင်ပြီးတော့ကားနောက်တံခါးလေးဖွင့်ပြီးဝင်မယ်လုပ်တော့"ကိုတိုးရှေ့ကလာထိုင်လေ"
ကိုဟိန်းသူရလှမ်းပြောတယ်
"ရတယ် ညီလေးနိုင်လင်းထက်ထိုင်လိမ့်မယ်"
"ဟာကိုတိုးကလည်းငါကမင်းတို့ရွာမှမသိတာမငိးလမ်းပြရမှာ ပြီးတော့အဲ့ကောင်ကအရေးပါတာမဟုတ်ဘူး"
ဆရာနိုင်လင်းထက်ရီနေတယ်
"ဟုတ်တယ် ကျွန်တော်ကအရေးမပါဘူး အရေးပါတဲ့သူတဲ့ရှေ့ကထိုင်"
ဆရာတိုးတတ်အောင် မျက်စောင်းလေးတစ်ချက်ထိုးပြီး ကားရှေ့ခန်းမှာထိုင်လိုက်တယ်
ကိုဟိန်းသူရလည်း ကားထဲဝင်ပြီး Bluetooth နဲ့သီချင်းဖွင့်ဖို့ချိတ်နေတယ် ကိုဟိန်းသူရသီချင်းမကြိုက်လို့ တစ်ပုဒ်ပြီးတစ်ပုဒ်ကျော်နေတုန်း,"ကိုသူရ အဲ့သီချင်းလေးကောင်းတယ်ထားလိုက်တော့ ကျွန်တော်ကြိုက်လို့"
ဆရာတိုးတတ်အောင်ပြောတော့မှဖုန်းလေးကိုအန်ဆွဲထဲထည့်လိုက်တော့တယ် သီချင်းလေးက
ကမ္ဘာအပြင်ဘက်
🎼🎼🎼ဟူး...ဟူး...ဟူးးး
သွားကြမယ်ချစ်ကမ္ဘာဘုံလိုက်မလားကွယ်.....
ခရီးကြမ်းတဲ့မေတ္တာဘုံသီတာရေမြေခြားနေပါတယ်.......
ထူးခြားတဲ့သစ္စာဘုံယူဇနာတစ်ရာဝေးကွာရာကွယ်......
ဆန်းပြားတဲ့မေတ္တာဘုံ.....
...........🎼🎼🎼သီချင်းသံလေးနဲ့အတူ ဆရာတိုးတတ်အောင်တို့ရွာကိုခရီးနှင်ခဲ့ကြတယ်

YOU ARE READING
သဲငယ်ရဲ့ကိုကို
Romanceကျောင်းဆရာဖစ်ပေမဲ့နှစ်ယောက်ထည်းတွေ့ရင်ကလေးလေးလိုဖစ်သွားတဲ့ကောင်လေးနဲ့ရင့်ကျက်တည်ငြိမ်ပြီးသူ့ချစ်သူဆန္ဒလိုက်ရောတတ်တဲ့ဆရာဝန်လေးတို့၂ယောက်ရဲ့အချစ်ကြောင်း