"ခင်ဗျား ဘာလုပ်တာလဲ??"
ရှဲ့ဟယ် ဒေါသမျက်ဝန်းတွေနဲ့ ကျိုးရိကျယ်ကို ကြည့်လိုက်တယ်။
" ကိုယ်ကသာ ဒီမေးခွန်းကို မေးသင့်တာမဟုတ်ဘူးလား?မင်းကရော ငါ့ညီဘေးနားမှာ ဘာလာလုပ်နေတာလဲ??"
ကျိုးရိကျယ်ရဲ့အကြည့်တွေက ဓားသွားတစ်ခုလို ထက်ရှနေတယ်။ဖိနှိပ်လွှမ်းမိုးနေတဲ့ ကိုယ်နေဟန်ထားကညတစ်ဖက်လူကို ဖိအားတွေသက်ရောက်စေသလို ပြောဆိုနေတဲ့လေသံကလဲ အေးစက်နေပြန်တယ်။
"မင်းကို ကယ်တင်ပေးဖူးတဲ့သူတစ်ယောက်ကို မင်းဘက်ကဘာမှပြောစရာမရှိတော့ဘူးလား။မင်းကကျေးဇူးကန်းတတ်တဲ့လူစားမျိုးလား??"
ရှဲ့ဟယ် အံ့သြလွန်းလို့ မျက်လုံးတွေတောင်ပြူးသွားတယ်။ဘာ့ကြောင့် ဒီလိုအပြစ်တင်ဝေဖန်ခံနေရတယ်ဆိုတာနားမလည်နိုင်သေးဘူး။အံကြိတ်ထားတဲ့လေသံနဲ့ပြန်ပြောလိုက်တယ်။
" ဟိုနေ့က ဖြစ်ခဲ့တဲ့ကိစ္စအတွက်ဆို ကျွန်တော်....ကျွန်တော် ခင်ဗျားကို...ကျေးဇူးတင်စကားပြောပြီးပြီလေ..."
"ကြည့်ရတာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျိုးရိအန်ကို ပြောပြမှဖြစ်တော့မယ်ပုံပဲ..."
ကျိုးရိကျယ် တစ်လုံးချင်းစီဖြေးဖြေးအေးအေးပြောနေတယ်။
ရှဲ့ဟယ်ရဲ့ သူငယ်အိမ်တွေ ကြုံ့ဝင်သွားတယ်။ကျိုးရိကျယ်ရဲ့ ကော်လံကို အားနဲ့ဆောင့်ဆွဲလိုက်ပြီ....
"ခင်ဗျား ပြောလို့မဖြစ်ဘူး!!"
ဒါက လက်သည်းတွေပြထုတ်ဖို့ ဖိအားပေးခံနေရတဲ့ပုံပေါက်နေတယ်။ကျိုးရိကျယ်ရဲ့ မျက်ဝန်းတွေထဲမှာ ကြည်နူးမှုအလင်းတန်းလေး ဖြတ်ပြေးသွားတယ်။သူက သူ့အင်္ကျီကော်လာကို ဆုပ်ကိုင်ထားတဲ့ ရှဲ့ဟယ် ရဲ့လက်ကိုကြည့်ပြီးပြောလိုက်တယ်။
"ဘာ့ကြောင့်လဲ??ကျိုးရိအန်က ငါ့ညီ...အဲ့တော့ သူ့အတွက် လူကောင်း၊သူကောင်းရွေးပေးဖို့ ငါ့မှာတာဝန်ရှိတယ်။ ဘယ်သူက သူ့ကိုလှည့်ဖျားနေလဲဆိုတာ သူ့ကိုယ်စား စစ်ပေးမလို့ ဒီနေ့မင်းကို ခေါ်တွေ့လိုက်တာ။မင်းဖြစ်နေမှန်းမယ်လို့ ဘယ်သူထင်ထားမှာလဲ??"
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။