လီဟုန်ရွှမ်း ရှဲ့ဟယ်ကို တင်းကြပ်စွာပွေ့ဖက်ထားတယ်...သူ့မျက်ဝန်းတွေထဲက နာကျင်ခံစားမှုတွေကိုလဲ ဖုံးကွယ်ထားနိုင်စွမ်းမရှိတော့ပေ....
သူ သတင်းကြားတော့ ညနေစောင်းနေပြီ...အပြေးအလွှား ရောက်လာခဲ့ချိန်မှာ ဆရာက အသိစိတ်လွတ်နေသူတစ်ယောက် သဖွယ် အဆောင်မှူးရုံးခန်းထဲကနေ ပြန်ထွက်လာနေပြီ...နဂိုကတည်းက ပါးလျပိန်သွယ်နေတဲ့ ခန္ဓာကိုယ်လေးက ဒီကမ္ဘာမြေပေါ်ကနေ အချိန်မရွေးလွှင့်ပါးပျောက်ကွယ်သွားတော့မယောင်.....
ဆရာရှေ့မှာ ပေါ်မလာရဲတာကြောင့် နောက်ကနေ တိတ်တဆိတ်လိုက်ကြည့်နေခဲ့တယ်....ဆရာ ကားလမ်းမပေါ်တည့်တည့်ကြီး လျှောက်သွားချိန်မှာ သူ့အမြင်အာရုံတွေ ပြာဝေမှောင်မိုက်ခဲ့တယ်...ထိုအခိုက်အတန့်မှာ သူ့နှလုံးသားတစ်ခုလုံးကို မမြင်ရတဲ့ လက်ချောင်းတွေနဲ့ ဖျစ်ညှစ်ဆုပ်ကိုင်ထားသလို မွန်းကြပ်စို့နင့်လာတယ်....
ဒီနေ့ သူသာပြေးမလာခဲ့မိရင် ဆရာ့ရဲ့နာရေးသတင်းကသာ သူ့ကို စောင့်ကြိုနေပါလိမ့်မယ်....
လီဟုန်ရွှမ်း အသက်ရှူရပ်တော့မတတ်ခံစားနေရတယ်...ဆရာ့ရဲ့ အားနည်းနေတဲ့ခန္ဓာကိုယ်လေးကို သူ့ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျသွားနိုင်လောက်တဲ့ အထိ အားကုန်သုံးပြီး တင်းကြပ်စွာပွေ့ဖက်နေမိတော့တယ်....
"ဆရာ...."
လီဟုန်ရွှမ်းရဲ့ အသံတွေ အက်ကွဲရှတနေတယ်...စကားတစ်ခွန်းပြောဖို့အရေး အားအင်တွေအကုန်ထုတ်သုံးနေသူတစ်ယောက်သဖွယ်..
"ပြန်ကြရအောင်...နော်..."
ရှဲ့ဟယ် အံ့သြစိတ်နဲ့ ပြန်မော့ကြည့်တဲ့...ရောက်လာတဲ့သူက လီဟုန်ရွှမ်းမှန်း သတိပြုမိလိုက်ချိန်မှာ နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်ရီလာတယ်...
"ငါ့ကို လွှတ်ပေးပါတော့..."
ထိုစကားလုံးတွေက လီဟုန်ရွှမ်းရဲ့ နှလုံးသားကို ရက်စက်စွာထိုးစိုက်လိုက်တဲ့ ဓားတွေပါပဲ...သို့ပေမယ့်လဲ အားတင်းပြီးပြုံးထားပါတယ်...
"မကြောက်ပါနဲ့..ကျွန်တော် ဘာမှမလုပ်တော့ပါဘူး...ဒီအတိုင်း ဆရာ့ကို ပြန်ခေါ်သွားပေးရုံပါ..."
![](https://img.wattpad.com/cover/284387600-288-k18705.jpg)
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။