[ရှဲ့ဟယ်: "အသက်ဝင်နေတဲ့ကင်ဆာဆဲလ်- အစာအိမ်ကင်ဆာ 3.0 verison ကိုမှရောဂါတိုးနှုန်းမြန်ပြီး အားကောင်းတဲ့ဟာလေးရှာပေးစမ်းပါဉီး....]
[444: ဟင်? ?? နှစ်သက်မှုရမှတ် မပြည့်သေးတာကို အခုကတည်းက သေလမ်းရှာနှင့်နေပြီလား....]
[ရှဲ့ဟယ်: စိတ်မပူနဲ့....လပိုင်းလောက်နဲ့ နှစ်သက်မှုရမှတ်တွေ ပြည့်သွားလိမ့်မယ်...]
444(v) .ကြည့်ရတာ Hostတာ့တာ့မှာ ဝှက်ဖဲတွေရှိနေပုံရတယ်.....
444"အသက်ဝင်နေတဲ့ ကင်ဆာဆဲလ်- အစာအိမ်ကင်ဆာ 3.0 verison ရပါပြီ....အဲ့အတွက်အမှတ် ၁၂၀၀ ကျသင့်ပါတယ်....သုံးစွဲဖို့အညွှန်းကတော့....ဒီကင်ဆာဆဲလ်က ကင်ဆာမိသားစုအကြီးကြီးထဲက ဘေဘီကင်ဆာဆဲလ်လေးတစ်ခုဖြစ်ပြီး သင့်ရုပ်ရည်ကို မထိခိုက်စေဘဲ ရောဂါတိုးပွားစေပါတယ်.....ဟုတ်ပါတယ်.....Hostတာ့တာ့ နေမကောင်းဖြစ်နေရင်တောင် လှပနေဉီးမှာပါ.....ဒါလေးကို သုံးပြီးရင် review လေးတော့ တစ်ချက်ရေးပေးပါနော်..အခုလို ဝယ်ယူပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်....အခုဆို Hostတာ့တာ့လည်းကင်ဆာမိသားစုဝင်တစ်ယောက်ဖြစ်သွားပါပြီ....]
[ရှဲ့ဟယ်: သိပ်ကောင်းတယ်....အခုဆို ဇဲဇဲကို ဖင်ကြား ခဲညှပ်အောင် နိုင်တော့မယ်....]
အဲ့နေ့ညက ရီဇဲ လုံးဝ သူ့ဆီရောက်လာမခဲ့ဘူး.....ဒါပေမယ့်လည်း ရီဇဲ ကြာကြာ နေနိုင်မှာမဟုတ်မှန်းသိနေတာကြောင့် စိတ်ပူမနေတော့ဘူး......
တကယ်လည်း နောက်တစ်နေ့နံနက်မှာ ရီဇဲပြန်ရောက်လာခဲ့တယ်....ကြည့်ရတာ တညလုံး မအိပ်ရသေးတဲ့ပုံနဲ့ မျက်ကွင်းနှစ်ဖက်စလုံးညိုမည်းနေရှာတယ်.....
ရှဲ့ဟယ်ဆီကို ရောက်တာနဲ့ နဖူးလေးကိုနမ်းလိုက်ပြီး.....
"ဈေးဝယ်ထွက်ကြမလား..."
ရှဲ့ဟယ်ဘက်က ဘာတစ်ခွန်းမှ ပြန်မဖြေဘဲ တိတ်ဆိတ်နေတာကြောင့် ရီဇဲ လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်မိတယ်....
အတိတ်က သူ့လုပ်ရပ်တွေအကြောင်း တညလုံး ပြန်စဉ်းစားခဲ့ပြီးပြီ....ရှဲ့ဟယ်ကို ဘယမလိုမှ လက်လွှတ်မပေးနိူင်တဲ့အတွက် ထိုက်တန်တဲ့လေးစားမှုမျိုးပေးဖို့လည်း ဆုံးဖြတ်ခဲ့ပြီးပြီ.....

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။