ကျိိုးရိအန် ဘာမှမဖြစ်သလို ဘယ်လိုတောင့်ခံနေရတယ်ဆိုတာ ဘယ်သူသိနိူင်မှာလဲ?အခန်းထောင့်မှာ အလှပြထားတဲ့ပန်းပုရုပ်ထုကြီးလို တောင့်တောင့်ကြီး မတ်တပ်ရပ်နေတယ်။သူ မလှုပ်ရှားနိူင်တော့တာလဲ ဖြစ်ကောင်းဖြစ်နိူင်တာပဲ.....
ရှဲ့ဟယ်ကို မြင်လိုက်ရတော့မှ ကျိုးရိကျယ်ရဲ့ အကြံစည်တွေကို နားလည်တော့တယ်။ကျိုးရိကျယ်ရဲ့ ရုံးခန်းထဲကို ဘယ်သူကများ လက်လွတ်စပါယ် ဝင်ထွက်နိုင်မှာလဲ???ဒီမြင်ကွင်းမျိုးကို မြင်စေချင်လို့ တမင်သက်သက် သူ့ကို ဝင်ခွင့်ပေးလိုက်တာလား???
ပိန်းဉလေး ကျောက်ချင်တစ်ယောက်တည်းကသာ ဘူမသိ ကိုးမသိနဲ့ ဖြူဖျော့ပြီး ကြောက်လန့်နေတာ...မဟုတ်ဘူး....ကျောက်ချင် မသိတာ မဖြစ်နိူင်ဘူး....ဒါ သက်သက်ဟန်ဆောင်နေတာ....ခြေသံကြားတာတောင် မရပ်သေးဘဲ ရှေ့ဆက်တိုးနေတုန်းနော်...Hah!!!!သူနဲ့တုန်းက တစ်ချိန်လုံး အရှက်အကြောက်ကြီးခဲ့တဲ့ ကျောက်ချင်က ဒီလို လူတကာနဲ့ Sexလုပ်တတ်တဲ့ လူစားမျိုးလား???သူတကယ် လူရွေးမှားခဲ့တာပဲ....သူ့ အတွက်တော့ ကျောက်ချင်က လူထူးလူဆန်းတစ်ယောက်ဖြစ်နေပြီ......
သွေးတွေယိုစီးနေသလို ကျောက်ချင်ရဲ့ မျက်နှာတစ်ခုလုံး ရဲရဲနီနေပြီ.....ကျိုးရိအန်က ရွှေရည်စိမ်အပြုံးတု နဲ့ ပြုံးပြလိုက်ပြီး.....
" ဒုက္ခခံနေစရာမလိုပါဘူး အတွင်းရေးမှုးကျောက်....လုပ်စရာရှိတာဆက်လုပ်ကြပါ...ကျွန်တော် နောက်မှပဲ ပြန်လာခဲ့ပါ့မယ်...."
ပြောလိုက်တဲ့သူအတွက် ဒီစကားတွေက ငှက်မွှေးတစ်စလို ပေါ့ပါးနေပေမယ့် ကျောက်ချင်အတွက်ကတော့ တန်ချိန် ထောင်ပေါင်းများစွာလို လေးလံနေတယ်။ငယ်ထိပ်တည့်တည့်ကို ဆယ်ပေါင်တူနဲ့ ထုချလိုက်သလို....အူအခွေလိုက်ကို အထုံးတွေဖြစ်အောင် ချည်နှောင်လိုက်သလို နာကျင်နေရတယ်....
ကျိုးရိကျယ် မျက်ခုံး နည်းနည်းပင့်လိုက်မိတယ်။ရှဲ့ဟယ်ရဲ့ အမူအရာတွေကြောင့် သူ နောင်တရသလိုခံစားနေရတယ်။မတိုင်မှီ အချိန်ထိ ကျိုးရိကျယ်ရဲ့ဘဝမှာနောင်တဆိုတာကို တခါမှ ခံစားခဲ့ဖူးဘူး။ဘာကြီးပဲ ဖြစ်ဖြစ် ကျိုးရိအန်ကြောင့် ရှဲ့ဟယ် အခုလို ခံစားနေရတာမျိုးကို မမြင်ချင်ဘူး။ဒီကောင် ကျိုးရိအန်အတွက်ဆို ရှဲ့ဟယ် ကအမြဲတမ်းခံစားချက်လေးရပ်လုံး(အချစ်၊အမုန်း၊ပျော်ရွှင်မှု၊နာကျင်မှု)
ကို လွယ်လွယ်ထုတ်ပြတတ်တယ်။ကျိုးရိအန်လိုမျိုး သူကြောင့် ရှဲ့ဟယ် ခံစားနေရတာမျိုးကို မြင်ချင်မိတယ်။

BẠN ĐANG ĐỌC
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
Tiểu Thuyết Chungဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။