ချူရှင်း ကျင်းဟန်ကို လေးနက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်ပြီး.....
" ဟုတ်တယ်....မင်းသားရဲ့စကားတွေကြောင့် ကျုပ်အသိတရား ရခဲ့ပါပြီ....ကျူပ် အမှားတွေ အများကြီး ကျူးလွန်ခဲ့မိတယ်....ကျုပ် သစ္စာဖောက်ခဲ့မိပါတယ်...ဒါ့ကြောင့်လည်း မင်းကြီးကို ကာကွယ်စောင့်ရှောက်ပေးပြီး အပြစ်ကြွေးဆပ်ပါ့မယ်....မင်းကြီးကို အရှက်ရစေမယ့်အရာတွေ ဘယ်တော့မှ မလုပ်တော့ပါဘူး.... ဒါ့အပြင် မင်းကြီး ဒီလိုဖြစ်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်ကတော့ မင်းကြီးကိုယ်စားတိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေပြီ.....ဒီတစ်ကြိမ်လောက်ပဲ ကျုပ်ကိုယုံကြည်ပေးပါ...မင်းသားနဲ့အတူ မင်းကြီးကိုယ်စား တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးပါ့မယ်....အဆုံးထိလည်း သစ္စာစောင့်သိပါ့မယ်...."
ချူရှင်းရဲ့ စိတ်အား ထက်သန်နေပုံကြောင့်ကျင်းဟန် အတော်လေး တည်ငြိမ်သွားခဲ့တယ်.....
သိလိုစိတ်နဲ့ မယုံကြည်နိုင်ခြင်းများ ရောယှက်လာတာကြောင့် ကျင်းဟန် မျက်မှောင်ကြုံ့လိုက်မိတယ်..နောက်ဆုံးအကြိမ်တွေ့ဖြစ်ခဲ့စဉ်က ချူရှင်း ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်မှန်း သိမြင်ခဲ့ပြီးသားပါ.....
ရက်အနည်းငယ်အတွင်းမှာ ဘာ့ကြောင့်များ ဒီလောက်အထိ ပြောင်းလဲသွားခဲ့ရတာလဲ.....
" စစ်သူကြီးချူ ကိုယ်တော့်ကို ပြောခဲ့ဖူးတဲ့စကားအတိုင်းပဲ ပြန်ပြောရတော့မှာပေါ့....."
" ပြောပါ...."
" ကိုယ်တော် မင်းကို မယုံဘူး....."
ချူရှင်း ကြိုသိနေသော်လည်း သက်ပြင်းချလိုက်မိပါတယ်......
"ကျုပ်သာ တကယ်ပုန်ကန်ချင်တယ်ဆို မင်းကြီးကို သတ်ပြီး နန်းတက်နေလောက်ပြီ....မင်းသားရောက်လာခဲ့ရင်တောင် အချိန်မှီမှာ မဟုတ်ဘူး....ဟုတ်ပါတယ်....ကျုပ်က မင်းသားပြောသလို ဂုဏ်သိက္ခာကို ငဲ့ကွက်နေလို့ အခုထိ မင်းကြီးကို မသတ်ရသေးတာ....ဒါပေမယ့််လည်း အခြေနေတွေက အခုလိုတွေ ဖြစ်လာခဲ့ပြီပဲ...ဘာပဲဖြစ်ဖြစ် ကျုပ်က သစ္စာဖောက်အဖြစ် တံဆိပ်ကပ်ခံထားရပြီးသား....အခုချိန်မှာ ဂုဏ်သိက္ခာကို ထောက်ထားနေစရာလိုသေးလို့လား....မင်းသားက ကျူပ်ကို စိတ်ဓာတ်ပျော့ညံ့ပြီး ဆင်ခြင်တုံတရားကင်းမဲ့သူလို့ ထင်နေတာလားးးး"

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။