ရှဲ့ဟယ် ခွန်အားမဲ့စွာနဲ့ အိပ်ယာခင်းပေါ်မှာ မျက်မှာအပ်ထားပြီး မျက်ရည်တွေကလည်း တာတမံကျိုးပျက်လာသလို တသွင်သွင်စီးကျနေတယ်......
ဒီလူ...သူ့ကို ဘယ်တုန်းကမှ respect ထားခဲ့ဘူးပဲ......
ဒီလို အသုံးတော်ခံဘဝနဲ့ဆက်မနေချင်တော့သလို ဒီလူကိုလည်း မချစ်ချင်တော့ဘူး.... ထွက်သွားချင်ခဲ့ရုံလေးပါ....ဘာလို့များခွင့်မပြုပေးနိုင်တာလဲ.....
ခန္ဓာကိုယ်ကို ထပ်မရောင်းစားချင်တောလို့ ပိုင်ဆိုင်သမျှကိုလည်း စွန့်ပစ်ခဲ့ပြီးပါပြီ...ဘာလို့များ ဘဝသစ်တစ်ခုစတင်ဖို့ ခွင့်မပြုပေးချင်ကြတာလဲ....သူတကယ် ကြိုးစားခဲ့ပါတယ်.... လောကကြီးက မတရားလိုက်တာ......
ရီဇဲ ကောင်လေးကို တယုတယပွေ့ဖက်ထားတယ်.....
ဟုတ်တယ်....သူလိုချင်နေခဲ့တာ..ဒါမျိုးအနေအထားလေးပဲ.....
ဒီလူရဲ့ခန္ဓာကိုယ်အသွေးအသား၊ စိတ်နှလုံးသား....အရာအားလုံးကို သူပိုင်တယ်... ဒါ့ကြောင့်မို့ သူ့နားက ဘယ်တော့မှ
ထွက်မသွားရဘူး.....[ တင်းတောင် ပစ်မှတ်ရဲ့ နှစ်သက်မှု ၅မှတ်ထပ်တိုးပါတယ်....စုစုပေါင်း ၈၅မှတ်ပါ....]
...........................................................
ကောင်လေးရဲ့ မျက်နှာကို ဆွဲမော့ကြည့်လိုက်တော့မှသာ ကောင်လေး ငိုနေမှန်းသိတော့တယ်....အရင်တုန်းကဆို အိပ်ယာဖော်တွေ အဲ့လိုငိုယိုနေရင် သိပ်မုန်းတာပဲ....
ဒါပေမယ့် ဒီကောင်လေး ငိုနေတာမြင်တော့ ဒေါသမထွက်တဲ့အပြင် သနားစိတ်လေးဝင်လာမိတယ်.....နည်းနည်းလွန်သွားပြီ ထင်တယ်....
ဒါကြောင့်မို့ ကောင်လေးရဲ့ နှုတ်ခမ်းကို နူးနူးညံ့ညံ့လေး နမ်းပေးလိုက်တယ်....
"မငိုပါနဲ့...မင်းသာ ကိုယ့်ဘေးမှာ လိိမ်လိမ်မာမာနေမယ်ဆို ကိုယ့်ဘက်ကလည်း မမျှမတမဆက်ဆံပါဘူး....ပြီးတော့ ဖျော်ဖြေရေးလောကထဲ ထပ်မဝင်နဲ့တော့.....ကိုယ်မင်းကို လိုသလောက်ထုတ်ပေးမယ်....."
တခြားတပါးသောသူတွေ ရှဲ့ဟယ်ကိုချစ်ခင်တွယ်တာသွားမှာမျိုးကို ဘယ်နည်းနဲ့မှ ခံနိုင်ရည်မရှိဘူး....

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။