လီဟုန်ရွှမ်းရဲ့ မျက်ဝန်းထဲမှာ လေးနက်တဲ့နာကျင်မှုတစ်ရပ်ကို တွေ့မြင်နေရတယ်....ခဏအကြာမှာတော့ လီဟုန်ရွှမ်း လက်သီးဆုပ်ကိုဖြေချလိုက်ပြီး နောက်လှည့်မကြည့်စတမ်း လှည့်ထွက်သွားလေတယ်....
ဘာတွေဖြစ်နေမှန်း မသိသေးတဲ့ ရှဲ့ဟယ်က ထိုနေရာမှာပဲ အကြောင်သား မတ်တပ်ရပ်နေခဲ့တယ်.....
လီဟုန်ရွှမ်း လက်လှမ်းတာ သူ့ကိုရိုက်ဖို့ မဟုတ်တာများလား...
နာကျင်ကြေကွဲနေတဲ့လီဟုန်ရွမ်းနောက်ကို လိုက်သွားတဲ့ စွန်းဇီယန်ရဲ့ ခြေသံပြင်းပြင်းကို အတိုင်းသားကြားနေရတယ်...အခန်းထဲမှာ ရှဲ့ဟယ်နဲ့ အယ်လန်တို့ပဲကျန်ခဲ့တယ်...အယ်လန်က ရှဲ့ဟယ်ဆီကို လျှောက်လာပြီး....
" အဆင်ပြေသွားပြီ....သူမရှိတော့ဘူး..."
ရှဲ့ဟယ် အယ်လန့်ကို ပြန်ကြည့်လိုက်တဲ့အကြည့်တွေထဲမှာ ထိတ်လန့်မှုတွေ ဝေခွဲမရခြင်းတွေရောယှက်နေတယ်.....
ထိုအကြည့်တွေကြောင့် အယ်လန့်ရဲ့ ရင်ထဲမှာ ညှာတာသနားစိတ်လေးတွေပေါက်ဖွားလာခဲ့တယ်...ဆရာ့ပုခုံးပေါ်လက်တင်လိုက်ပြီး....
"မကြောက်နဲ့တော့...သူ ဆရာ့ကို နာကျင်အောင်လုပ်တာမျိုး ကျွန်တော် အဖြစ်မခံဘူး..."
လီဟုန်ရွှမ်း ဆရာ့ကို နောင်ဘယ်တော့မှ နာကျင်အောင် ထပ်မလုပ်တော့မှန်း အယ်လန်သိတာပေါ့...ဒါပေမယ့် ပွဲလန့်တုန်း ဖျာခင်းဆိုသလို ဆရာ လီဟုန်ရွှမ်းပေါ် နားလည်မှုလွဲနေခြင်းကို အခွင့်ကောင်းယူရတော့မှာပဲ.....
အယ်လန့်ရဲ့ နှစ်သိမ့်မှုတွေ ထိရောက်သွားပုံရတယ်...ရှဲ့ဟယ် တုန်ရီနေရာကနေ ငြိမ်ကျသွားတယ်....သို့ပါသော်လည်း ခဏအတွင်းမှာ ရှဲ့ဟယ် အယ်လန့်ကို တွန်းဖယ်လိုက်ပြီး....
"ငါ ပြန်သင့်ပြီ!!!"
အယ်လန့်ရဲ့ လက်တွေ ဗလာဖြစ်သွားရုံသာမက.... သူ့နှလုံးသားအပိုင်းအစတွေကိုပါ အဝေးကို ယူဆောင်သွားသလို လစ်ဟာမှုတစ်ရပ်ကို ခံစားနေရတယ်...ဆရာ့ကို ဆက်နေဖို့ ဖိအားပေးလို့ရတယ်...ဒါပေမယ့် ဆရာ့ရဲ့ စိတ်ပျက်အားငယ်နေတဲ့ အသွင်အပြင်ကို ဖျတ်ကနဲ သတိရမိလိုက်တာကြောင့် ဖိအားမပေးဝံ့တော့ပေ....
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။