ကျန်းဇီဟန် အခန်းထဲပြန်ကျန်းဇီဟန် အခန်းထဲပြန်ကျန်းဇီဟန် အခန်းထဲပြန်ရောက်ချိန်မှာ ရှဲ့ဟယ်ကို ပတ်တီးသစ်ပြန်လဲပြီးနေပြီ...သွေးမရှိတော့သလို ဖြူဖျော့နေတဲ့ ကောင်လေးကို မြင်ရတာ သိပ်ကိုစိတ်မကောင်းဖြစ်စရာပါပဲ...ကောင်လေးဆီ လက်လှမ်းလိုက်ချိန်မှာ သိသိသာသာကိုရှောင်ဖယ်နေခဲ့ပြီ.....
အခုချိန်မှာ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ အလင်းရောင် စိုးစဉ်းမျှမရှိဘဲ မှောင်မိုက်မှုတွေသာ ကြီးစိုးနေတဲ့အပြင် မယုံနိုင်လောက်အောင် တည်ငြိမ်နေတယ်.....
" အစ်ကို..အကြောင်းစုံသိပြီးလောက်ပြီပေါ့......."
ရှဲ့ဟယ်အခုလိုဖြစ်နေရတာကိုမြင်နေရတာ ကျန်းဇီဟန်အတွက်လည်း နာကျင်နေရပါတယ်.....
" အစ်ကို ကျွန်တော့်ဆီ မလာပါနဲ့တော့...."
ကျန်းဇီဟန်က ကုတင်ဘေးမှာ ရပ်နေလိုက်ပြီး.....
" အကုန်သိပြီးပြီ...ဒါပေမယ့် သဘောကျနေတာက မင်းကိုလေ...တခြားသူတွေကို ဘာလို့ဂရုစိုက်နေရမှာလဲ....."
"ဒါပေမယ့် တခြားသူတွေကတော့ ဒါကို ဂရုစိုက်ကြတယ် အစ်ကိုရဲ့...."
တကယ်ဆို ဒါတွေကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ထင်ထားခဲ့ပေမယ့် မဖြစ်နိုင်မှန်း ဒီနေ့မှပဲ နားလည်ခဲ့ရတော့တယ်....သူ့ကို သတ်ပစ်ချင်နေတဲ့ ရီဇဲရဲ့အမူအရာတွေကိုမြင်လိုက်ရချိန်မှာ ရှင်လျှက်နဲ့သေဆုံးသွားသလိုပါပဲ....
ကျန်းဇီဟန်ကို မြင်နေရလေ ဒီခံစားချက်ကိုပိုပြီးအမှတ်ရလာလေပါပဲ.....ဒါဟာ ထပ်ခါ ထပ်ခါ သေဆုံးရသလို နာကျင်လွန်းလှပါတယ်....
သူဟာ မြူတမှုန်စာလောက်တောင် တန်ဖိုးမရှိတဲ့ အတုအယောင်တစ်ခုဆိုတာကို အခိုက်အတန့်တိုင်းမှာ ထပ်ခါတလဲလဲ အမှတ်ရနေခဲ့တယ်....
ရှဲ့ဟယ်ရဲ့ခံစားချက်တွေကို နားလည်နေတဲ့အတွက် ကျန်းဇီဟန်ရဲ့ မျက်နှာတစ်ခုလုံးသွေးမရှိတော့သလို ဖြူဖျော့နေပြီ....အကြောင်းရင်းအလုံးစုံ သိလိုက်ရချိန်မှာ ရှဲ့ဟယ်အတွက် ပိုလို့တောင် နာကျင်ရပါတယ်...ရှဲ့ဟယ် သူ့ကို မမြင်ချင်တော့တာကိုလည်း နားလည်ပါတယ်......

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။