ဒါတွေဟာသူ့အတွက် လှပတဲ့ အမှတ်တရတွေမဟုတ်တဲ့ အတွက် ရှဲ့ဟယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီး မျက်ဝန်းတွေထဲမှာ အကြောက်တရားတွေဖြတ်ပြေးသွားတယ်....
သူ့ကိုကြည့်နေတဲ့ လီဟုန်ရွှမ်းရဲ့ နှုတ်ခမ်းထောင့်တွေမြင့်တက်သွားတယ်...သူ့လေသံတွေထဲမှာ အန္တာရယ်ရှိတဲ့အငွေ့အသက်တွေကြီးစိုးနေတယ်....
"ဘာဖြစ်လို့လဲ .....ဘာလဲ ဆုံးဖြတ်ချက်တွေအတွက်နောင်တရနေတာလား??"
"မ..ဟုတ်...."
နှုတ်ခမ်းကိုခပ်ဖွဖွကိုက်လိုက်တယ်....မျက်တောင်ဖျားတွေကလဲ တုန်ရီနေတယ်.....
"ငါ....ငါ မင်းပြောတာနားထောင်ပါ့မယ်...."
ဒီကျောင်းသားတွေရဲ့ ဗီလန်ဆန်မှုတွေကို မြည်းစမ်းကြည့်ပြီးပြီ....မငြင်းရဲတော့ဘူး....
လီဟုန်ရွှမ်းက ရှဲ့ဟယ်ကို ကြိုတင် Booking လုပ်ထားတဲ့ Hotel ခန်းထဲကိုခေါ်သွားခဲ့တယ်....
"ရေသွားချိုးလိုက်...."
သူ့တစ်ကိုယ်လုံးညစ်ပတ်နေတာပဲ....ဒီပုံစံကိုကြည့်ရတာ အရသာပျက်တယ်....
ရှဲ့ဟယ် အေးခဲသွားတယ်....တပည့်ဖြစ်သူကြောင့် ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးကို ကျော်လွှားနိုင်ပြီဖြစ်တာကြောင့် နာခံစွာနဲ့ ရေချိုးခန်းထဲဝင်သွားလိုက်တယ်....
ရေချိုးခန်းတံခါးပိတ်ပြီးတာနဲ့ ရေပန်းဖွင့်ပြီး 444နဲ့စကားပြောနေခဲ့တယ်....
[ရှဲ့ဟယ်:ငါတည့်လေး ဉာဏ်အလင်းပွင့်သွားပြီပဲ...ဆရာတစ်ယောက်အနေနဲ့ ပီတိဖြစ်မိတယ်....]
[ရှဲ့ဟယ်ကို ဟန်ဆောင်ပန်ဆောင်မြှောက်ပင့်နေသော 444: ဒါက Hostတာ့တာ့ အသင်ပြကောင်းတာကြောင့်ပါ...]
[ရှဲ့ဟယ်: အိုးးးး မဟုတ်တာ...မင်းငါ့ကို အထင်ကြီးလွန်းနေပြီ....]
လီဟုန်ရွှမ်းက ကုတင်ဘေးမှာထိုင်ပြီး သူ့ရဲ့ညာဘက်က လက်ချောင်းတွေကို ထိတွေ့
ကြည့်နေတယ်....ဒီလက်တွေနဲ့ ခုနကလေးတင် ပိုးသားလေးလို နူးညံ့တဲ့ ဆရာ့ရဲ့ခါးလေးကို ဖက်ထားခဲ့ရတယ်...ဒီထိတွေ့ခံစားမှုက အခုထိမပျောက်သွားသေးဘဲ လက်ချောင်းတွေပေါ်မှာ စွဲထင်နေသေးတယ်.....

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။