ရှဲ့ဟယ် ချူရှင်းကို တောက်ပသောအပြုံးများနဲ့မော့ကြည့်လိုက်ပြီး .......
"ချူတကောက ကျွန်တော့်ကို မမှတ်မိဘူးလား......ကျွန်တော် ရှောင်ယန်ပါဗျ....."
ချူရှင်း ပြန်တောင်မဖြေနိုင်တော့ဘဲ မယုံနိုင်သောအကြည့်များဖြင့်သာ ကြည့်နေခဲ့မိတယ်....
ဘာ့ကြောင့်လဲ....ဘာ့ကြောင့် မင်းကြီးက သူကိုယ်သူ ချန်ယန်လို့ ထင်နေရတာလဲ....ဒါလုံးဝကို အဓိပ္ပါယ်မရှိဘူး.......
ရှဲ့ဟယ်က ချူရှင်းရဲ့ ဝတ်ရုံလက်စကို ဆွဲလိုက်ပြီး....
"ချူတကော....ဘာလို့ ပြန်မဖြေတာလဲ....."
" ကိုယ်...ကိုယ် မင်းကိုဒီမှာ တွေ့လိုက်ရလို့ အံ့သြသွားလို့ပါ....."
ရှဲ့ဟယ် မျက်မှောင်ကြုံ့လိုက်ပြီး.....
"ကျွန်တော်လည်း အရမ်းအံ့သြနေတာ...နိုးလာတော့ ဒီကိုရောက်နေတယ်လေ...ပြီးတော့ ဟိုလူကြီးက ကျွန်တော့်ကို မပြန်စေချင်ဘူးတဲ့.....ကျွန်တော် ဘယ်ကိုရောက်နေတာလဲဟင်....."
" ဒါ...တော်ဝင်နန်းတော်ထဲမှာပါ...."
ရှဲ့ဟယ် အံ့သြသွားတာကြောင့် မျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး.........
"ကျွန်တော် အိမ်မှာရှိမနေဘဲ ဘာလို့နန်းတော်ထဲရောက်နေရတာလဲ.....ထားလိုက်ပါတော့ ခိူတကော ပြန်ရောက်ပြီဆိုတော့ ကျွန်တော့် တကောလည်း ပြန်ရောက်ပြီပေါ့နော်.....သူဘာလို့ ကျွန်တော့်ကို လာမတွေ့တာလဲဟင်....."
ရှဲ့ဟယ်အပေါ် ချန်ချုံ ဘယ်လိုသဘောထားနေမှန်း သိနေတာကြောင့် ရှဲ့ဟယ်ရဲ့ မျှော်လင့်တကြီး အကြည့်တွေကို ချူရှင်း ရင်မဆိုင်ဝံ့တော့ဘူး.....
" မင်းရဲ့တကောကတော့ ပြန်မလာရသေးဘူး.....ကိုယ်ကတော့ အရေးကြီးကိစ္စရှိလို့ အရင်ပြန်လာဖြစ်ခဲ့တာ...."
ရှဲ့ဟယ် စိတ်မကောင်းဖြစ်သွားပေမယ့် ချူရှင်းကို ချက်ချင်းပြုံးပြလိုက်ပြီး.....
"ကျွန်တော် ဒီမှာ မနေချင်ဘူး....ချူတကော ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါလား....."
ဘေးနားမှာ တချိန်လုံးရပ်ကြည့်နေတဲ့ ယန်ရှန်းလည်း မနေနိုင်တော့တာကြောင့် ရှဲ့ဟယ်ကို ဖြောင်းဖြလိုက်ရတယ်.........
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။