ရှဲ့ဟယ် ညောင်စောင်းထက်ကနေ ထထိုင်လိုက်ပြီး ကြေးနီကြေးမုံပြင်တစ်ချပ်ရှေ့မှာ ရပ်လိုက်တယ်...... သူဟာ အဝါရောင်ဝင်းပနေတဲ့ ဝတ်ရုံတော်ကို ဆင်မြန်းထားပြီး ခပ်ုမင့်မြင့် သရဖူတစ်ခုကိုလဲဆင်မြန်းထားသေးတယ်........
ကြေးမုံထဲမှာ မြင်နေရတဲ့ အသွင်သဏ္ဍာန်ဟာနူးညံ့သိမ်မွေ့ပြီး အချိုးအစားကလဲ သွယ်လျပြေပြစ်တယ်.....အံ့မခမ်းမဟုတ်သော်ငြားလဲ ညာဘက်မျက်ဝန်းအိမ်ထောင့်မှာ မျက်ရည်စက်သဏ္ဍန်မှည့်လေးတစ်ပွင့်ရှိနေတယ်...ဒါ့ကြောင့် သူ့ရဲ့ ရုပ်သွင်က နှစ်လိုဖွယ်ကောင်းနေတာကြောင့် ဧကရာဇ်တစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့ အရှိန်အဝါတစ်ချို့ ပျောက်ဆုံးနေလေရဲ့......ဒါ့အပြင် အေးသက်လွန်းလှတဲ့ မျက်ဝန်းတွေကြောင့် သူဟာ အညှာတာမဲ့ပြီး အမျက်ဒေါသ ခက်ထန်သူတစ်ယောက်မှန်း သိသာလွန်းနေပြန်တယ်.....
ရှဲ့ဟယ် လက်ရှိခန္ဓာကိုယ်ကို အတော်လေး သဘောခွေ့နေတယ်...သူ့ရဲ့ " လူတစ်သောင်း ဆွဲဆောင်ခြင်း " Skill ကို ပါထပ်ပေါင်းထည့်လိုက်တဲ့အခါ အလှတရားဟာ ပိုပြီး နက်နဲလာတယ်လေ.....ရှဲ့ဟယ် မျက်ခုံးတစ်ချက်ပင့်ပြီး တီးတိုးရေရွတ်လိုက်မိတယ်.......
ထိုအချိန်မှာ အပြင်ဘက်ကနေ လျှောက်တင်သံထွက်ပေါ်လာပြန်တယ်......
"အရှင်မင်းကြီး.... စစ်သူကြီး ချူရှင်း ရောက်ရှိနေပါပြီ...... "
ရှဲ့ဟယ် တံခါးကို တွန်းဖွင့်ပြီး အိပ်ခန်းဆောင်ကနေ ထွက်လိုက်တဲ့အခါ မိန်းမစိုးဝတ်စုံဝတ်ဆင်ထားတဲ့ ယောကျာ်းသားတစ်ယောက်ကို မြင်လိုက်ရတယ်....... ဒီလူဟာ မျက်နှာသွယ်သွယ်၊နှုတ်ခမ်းပါးပါး ၊ နှာတံမြင့်မြင့်နဲ့......
မိန်းမစိုးရဲ့ ရုပ်သွင်မူယာက ခန့်ညားပြေပြစ်ပေမယ့်လဲ ရှားပါးလှတဲ့ ခက်ထန်ရက်စက်မှုတစ်ချို့ကိန်းဝပ်နေတယ်.....ဒီမိန်းမစိုးက သိပ်ကို ကျိုးနွံနာခံတတ်ပြီး အနစ်နာခံတတ်လွန်းသူတစ်ယောက်ဖြစ်တယ်.....
ထိုမိန်းမစိုးဆ်ိုသူဟာ...ကျင်းကျောက်ရဲ့ လက်ဆွဲတော်ဓားတွေထဲကမှ အထက်ဆုံးနဲ့ အနာခံတတ်ဆုံးသူတစ်ယောက်ဖြစ်တဲ့ မိန်းမစိုးယန်ရှန်းသာပင်ဖြစ်လေတော့တယ်......
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။