ရီဇဲ သူ့ရင်ခွင်ထဲက ကောင်လေးကို ငုံ့ကြည့်ပြီး နောက်တစ်ကြိမ် ထပ်နမ်းလိုက်မိတယ်.....
ရှဲ့ဟယ်က သူဝယ်ထားတဲ့ အရုပ်တစ်ရုပ်ဖြစ်နေတာမို့ တစ်ခါမှ မနမ်းခဲ့ဖူးဘူး....ဒါပေမယ့် ဒီနေ့ကျမှ ဘာ့ကြောင့်မှန်းမသိ ဒီကောင်လေးကို လွှတ်မပေးချင်တော့ဘူး....
ရီဇဲ ကောင်လေး မျက်နှာကို ဆွဲမော့ကြည့်လိုက်တဲ့အခါ မျက်နှာတစ်ခုလုံးက ရှက်သွေးဖြာ နီမြန်းနေပြီး မျက်တောင်ဖျားတွေမှာလည်း မျက်ရည်စတွေ စိုစွတ်နေဆဲပဲ....
" ရှစ်ရှုန်း...."
ရှဲ့ဟယ်က မျက်ရည်စတွေ ဝေ့သီနေတဲ့ မျက်ဝန်းတစ်စုံနဲ့ ရီဇဲကို ချစ်ခြင်းမေတ္တာပြည့်လျှမ်းနေသလို ငေးကြည့်နေတယ်....
ဒီအကြည့်တွေကြောင့် ရီဇဲရဲ့မျက်ဝန်းတွေ မည်းမှောင်လာတယ်....
ဒီတစ်ခါမှာတော့ ရီဇဲက ရှဲ့ဟယ်ကို ကိစ္စပြီးပြီးချင်း ချက်ချင်းကန်မထုတ်ခဲ့ဘူး....ရှဲ့ဟယယ်ကလည်း နာခံစွာနဲ့ ငျွိမျငွိမျလေး နေပေးခဲ့တယ်....
သူ့ကို အခုလိုခေါ်လိုက်တာ ဒေါသဖြေဖျောက်ဖို့အတွက်တဲ့.....ရပါတယ်...ရီဇဲသာ ပျော်ရွှင်မယ်ဆို ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်.....
မငိုနဲ့....မငိုနဲ့....ငိုလိုက်မိရင် ရီဇဲ ဒေါသထွက်လာလိမ့်မယ်.....
ဒီလိုတွေ တွေးနေလိုက်တဲ့အခါ သူ မငိုမိတော့ဘူး......
တကယ်တော့...သူသာ စိတ်ခံစားချက်မရှိတဲ့သစ်သားရုပ်တစ်ခုလို ပြုသမျှ နုပေးနေမယ်ဆို ဝမ်းနည်းစရာတွေရှိတော့မှာမဟုတ်ဘူး....
အလိုရမက်ကို ကျေနပ်လောက်တဲ့အထိ ဖြည့်ဆည်းပြီးတဲ့အခါ ကျန်းဇီဟန်ဆီက အငြင်းခံလိုက်ရပေမယ့်လည်း အတော်လေး စိတ်ကြည်နေခဲ့ပြီ.....
" မင်းသာ လိမ်မာမယ်ဆို ငါမင်းကို ဆိုးဆိုးဝါးဝါးမဆက်ဆံပါဘူး...."
ရှဲ့ဟယ် ခေါင်းသာညိတ်ပြလိုက်ပြီး ငြိမ်နေခဲ့တယ်...
စိတ်ကြည်နေတဲ့ ရီဇဲက ရှဲ့ဟယ်ကို ဆုချဖို့ စိတ်ကူးလိုက်မိတယ်....
"မင်း ငါ့ဆီကအကူညီလိုတယ်ဆို ငါ့အတွင်းရေးမှုးကို ပြောလိုက်...သူအကုန်စီစဉ်ပေးလိမ့်မယ်...."

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။