အယ်လန်နဲ့ လီဟုန်ရွှမ်းတို့ ထိပ်တိုက်တွေ့ကျတော့မယ်ဆိုတာ ရှဲ့ဟယ် သိထားနှင့်နေပြီ....
အချိန်တစ်ချို့ကုန်လွန်သွားခဲ့ပါပြီ...မိုးဖွဲဖွဲလေး ရွာသွန်းနေတဲ့နေ့တစ်နေ့မှာ ရှဲ့ဟယ်အပြင်ကနေပြန်လာတဲ့အချိန်....သူ့အဆောင်တံခါးရှေ့ မတ်တပ်ရပ်နေတဲ့ လီဟုန်ရွှမ်းကိုတွေ့လိုက်ရတယ်....မိုးရေစက်တွေက လီဟုန်ရွှမ်းရဲ့ ဖြောင့်တန်းနေတဲ့ မေးရိုးတစ်လျှောက်ကနေ တစက်စက်စီးကျနေတယ်....အမြဲတစေ ထက်ရှနေတဲ့ မှင်နက်ရောင် မျက်ဝန်းတွေထဲမှာ ဖော်ပြရခက်တဲ့ ရှုပ်ထွေးမှုတွေ ဖမ်းဆုပ်ထားပြီး မိုးရေထဲမှာ တောင့်တောင့်ကြီး မတ်တပ်ရပ်နေတယ်....ရှဲ့ဟယ်ကို မြင်လိုက်ရတဲ့ စက္ကန့်ပိုင်းအတွင်းမှာ ရှဲ့ဟယ်အနားကို ပြေးသွားလိုက်ချင်ပါသော်လည်း ဆရာက သူ့ကိုအမြဲ ကြောက်လန့်နေတာကြောင့် အဆုံးသတ်မှာ မလှုပ်ရှားရဲတော့ဘဲ ဒီအတိုင်း ငြိမ်နေခဲ့ရတယ်....
ရှဲ့ဟယ်က ထီးပိတ်နေရင်းကနေ မသိမသာခိုးကြည့်လိုက်ပြီး...
"ဘာ..ဘာကိစ္စရှိလို့လဲ?"
လီဟုန်ရွှမ်း နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ရှဲ့ဟယ်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီးပွေ့ဖက်ထားလိုက်တယ်....သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ အသက်ခပ်နက်နက်က တစ်ဖက်လူရဲ့နားထဲမှာ ပဲ့တင်ထပ်နေတယ်...
"ဆရာ့ကို ကျွန်တော် တကယ်လွမ်းနေခဲ့တာ..."
ရှဲ့ဟယ် ရုန်းနေပေမယ့်လဲ မလွတ်မြောက်နိူင်ခဲ့ပါဘူး...ဒါ့ကြောင့် လီဟုန်ရွှမ်း ကိုပြန်ကြည့်တဲ့အကြည့်တွေထဲမှာ အကြောက်တရားတွေ ကိန်းဝပ်နေတယ်.....
စိတ်နှလုံးသားထဲက နာကျင်မှုတွေကို ရုန်းကန်နေရတဲ့ အရိပ်အယောင်တွေ လီဟုန်ရွမ်းရဲ့ မျက်ဝန်းနက်တွေထဲမှာ ရောင်ကြန်ဟပ်နေတယ်...မျက်တောင်တခတ်စာအချိနိအတွင်းမှာ ဒါတွေကို သေချာစွာကွယ်ဝှက်ထားလိုက်ပြီး....
"ဆရာ..ကျေးဇူးပြုပြီး ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့...နော်..."
သူ့လေသံထဲမှာ မမျှော်မှန်းရဲလောက်တဲ့ တောင်းပန် ခယမှုတွေ ပြည့်နှက်နေတယ်....
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။