အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

5K 854 60
                                    

[ရှဲ့ဟယ်: ဘေဘီ...သူတို့တွေဓာတ်ပုံရိုက်တာပြီးပြီလား?]

[444: ပြီးပြီ....ရိုက်ထားတာများရှင်းလင်းနေတာပဲ...]

[ရှဲ့ဟယ်: အော်...ဒါနဲ့ ငါအိပ်ပျော်နေတာကြာပြီလား??]

[444: 3 နာရီလောက်ကြာသွားပြီ]

[ရှဲ့ဟယ်: ပုံထွက်ကောင်းရဲ့လား??]

[444:......] Hostတာ့တာ့မေးခွန်းသတ်နေပြီ!!!

ရှဲ့ဟယ်တစ်ယောက် မှင်သေသေနဲ့ နိုးလာတယ်။သူပုံစံကြည့်ရတာ ဘာဖြစ်လို့ရုတ်တရက်ကြီး အိပ်ပျော်သွားတယ်ဆိုတာ နားမလည်နိူင်ပုံလေးနဲ့.....

ဘာအကြောင်းကြောင့်ရယ်မှန်းမသိ စွန်းဇီယန်နဲ့ လီဟုန်ရွှမ်းတို့ကအရင်ပြန်သွားနှင့်နေပြီ....သီးခန့်ခန်းထဲမှာ သူနဲ့အယ်လန်နဲ့ကျန်တော့တယ်။ရှဲ့ဟယ်က အယ်လန့်ရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေခဲ့တာပါ.....

"ငါ..ဘာဖြစ်သွားတာလဲ??"

ကိုယ့်တပည့်ရင်ခွင်ထဲမှာ အိပ်ပျော်သွားမိတာကြောင့် မျက်နှာပူလာတဲ့ ရှဲ့ဟယ်က ရှက်ကိုးရှက်ကန်းနဲ့မတ်တပ်ထရပ်လိုက်တယ်။

"ကြည့်ရတာ အရမ်းပင်ပန်းနေလို့နဲ့တူတယ်...တစ်ခွက်လောက်သောက်လိုက်ပြီးတာနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တာပဲ...ကျွန်တော်လဲ မနှိုးရက်တာနဲ့...ဒီအတိုင်းထားလိုက်တာ...."

"အနှောက်အယှက်ထပ်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."

"အနှောက်အယှက်မဖြစ်ပါဘူး...ဒါမျိုးကို ဘယ်သူဘဘောမကျဘဲနေပါ့မလဲ??"

အယ်လန်တစ်ယောက် တစ်ချက်လေးမှမူမပျက်ဘဲ သူတော်ကောင်းယောင်ဆောင်နေလိုက်တယ်။

ဒါက ရှဲ့ဟယ်အတွက် ပထမဆုံးအကြိမ်သဘောကျတယ်လို့ ပြောခံရခြင်းဖြစ်တယ်။ရိုးသားကြိုးစားဖိုးသခွားဇာတ်ရုပ်ကြောင့် အယ်လန်ရဲ့ နက်နဲတဲ့အဓိပ္ပါယ်တွေဖွက်ထားတဲ့စကားလုံးတွေကို သာမာန်ဝါကျတစ်ခွန်းအဖြစ်သဘောထားလိုက်ရတယ်။ဒါပေမယ့် နည်းနည်း ရှက်လာတာကြောင့်....

"ငါ...ငါပြန်တော့မယ်..."

"အင်း...လမ်းခရီးသာယာပါစေ..."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာTempat cerita menjadi hidup. Temukan sekarang