ထိုသူညွှန်ပြနေတဲ့ အရပ်မျက်နှာစီကို ခြေလှမ်းကျဲကြီးတွေနဲ့ အမြန်လျှောက်သွားခဲ့တယ်။ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်မှာ အားမလိုအားမရဖြစ်မှုတွေကြောင့် ကျိုရိကျယ်တစ်ယောက် image အပျရ်ခံပြီးပြေးသွားလိုက်တယ်။ကျိုးရိကျယ်ရောက်သွားချိန်မှာ ကျိုရိအန်က သစ်ပင်ဘေးနားမှာ ငူငူကြီးရပ်နေတယ်။လက်ဆစ်တွေမှာရော၊ဘေးနားကာသစ်ပင်ရဲ့ပင်စည်မှာပါ သွေးစက်တွေစွန်းထင်းနေတယ်။ကျိုးရိအန်ရဲ့ခန္ဓာကိုယ်ကနေ အေးစက်တဲ့အငွေ့အသက်တွေဖြာထွက်နေသည့်နှယ် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်မှုန်မှိုင်းနေတယ်။
မသိစိတ်ထဲကနေ ဆိုးဝါးတာတစ်ခုခုကိုအာရုံခံမိနေတယ်။ကျိုးရိကျယ် တခြားဘာကိုမှ ဂရုမစိုက်ဘဲ ကျိုးရိအန် ရဲ့ ကော်လာကို လှမ်းဆွဲပြီး အော်လိုက်တယ်။
"ကျောက်ချင် ဘယ်မှာလဲ??"
ကျိုးရိအန် လှည့်ကြည့်လိုက်တဲ့အခါ ကျိုးရိကျယ်ကိုမြင်လိုက်ရတာကြောင့် လှောင်ပြုံးတစ်ခုနဲ့....
"ခင်ဗျားကိုယ်တိုင် ကျုပ်ကိုပေးခဲ့တာမလား??အချိန်မပြည့်သေးဘူးလေ...ဘာလဲ ကတိဖျက်ချင်နေတာလား?"
"သူ ဘယ်မှာလဲ??!!"
နက်ရှိုင်းလှစွာသော ရေသေကန်တစ်ခုနဲ့တူတဲ့ ကျိုးရိကျယ်ရဲ့မျက်ဝန်းတွေက အခုချိန်မှာ ကြမ်းတန်းခက်ထန်မှုတွေဖြာထွက်နေတယ်။
"ဘယ်မှာဖြစ်ရမှာလဲ??ကျုပ်ရဲ့ ရွက်ဖျင်တဲထဲမှာနေမှာပေါ့...."
ကျိုးရိအန်ရဲ့အပြုံးတွေထဲမှာ အထင်သေးခြင်း၊စက်ဆုပ်ရွံ့ရှာခြင်းတွေစွန်းထင်းနေတယ်။
"သူ အရမ်းနာခံတတ်တာပဲနော်....သူက ငါနဲ့ပဲအတူတူနေမယ်တဲ့...ကျုပ်ဘက်က ဘာပဲပြောပြော ပေကပ်ပြီး ထွက်မသွားဘူး...သူ့ကိုမြင်နေရတာ ရွံစရာကောင်းလွန်းလို့ တစ်ယောက်တည်းထားပြီးထွက်လာခဲ့တာ...."
ဒေါသထွက်လွန်းနေတာကြောင့် ကျိုးရိကျယ်ရဲ့လက်တွေတုန်ရီလာတယ်။ကျိုးရိအန်ကို မြေပြင်ပေယ်လဲကျအောင် တစ်ချက်ထိုးလိုက်ပြီး ရွက်ဖျင်တဲရှိကာဆီကို လျှပ်စီးကြောင်းတစ်ခုသဖွယ်လျှင်မြန်စွာပြေးသွားလိုက်တယ်။
![](https://img.wattpad.com/cover/284387600-288-k18705.jpg)
VOUS LISEZ
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
Fiction généraleဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။