အတိတ်မှာတုန်းက ဉက္ကဌရာထူးကို ဆယ်နှစ်ကျော် ထမ်းဆောင်ခဲ့ဖူးတဲ့ ရှဲ့ဟယ်က အခုချိန်မှာ ပထမဆုံးအကြိမ်အဖြစ် အတွင်းရေးမှူးရာထူးကို ထမ်းဆောင်ရတော့မယ်....
စိတ်ထဲမှာအောင့်သက်သက်ဖြစ်နေပေမယ့် ဟိုဟိုသည်သည် ငေးကြည့်ပြီး သူပိုင်ဆိုင်ခဲ့ဖူးတဲ့ company နဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်။
ကျောက်ချင်က တတိယတန်းစား တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားတဲ့ သာမာန်လူတစ်ယောက်ဖြစ်တယ်။ပုံမှန် အတိုင်းဆို ကျိုးGroupမှာ အလုပ်ဝင်ဖို့ မပြောနဲ့ ကျိုးGroup ရဲ့ လက်အောက်ခံ Comapanyတွေကတောင် သူ့ကို အလုပ်ခန့်မှာ မဟုတ်လောက်ဘူး။
လက်ရှိမှာ ရှဲ့ဟယ်က ကျောက်ချင်ရဲ့ ဇာတ်ကောင်စရိုက်ပီပြင်လာအောင် အခုလို ကျိုးဉက္ကဌရဲ့ အတွင်းရေးမှူးရာထူးကို ရုတ်တရက်ကြီး ခုန်တက်သွားရတဲ့ အတွက် နေမထိထိုင်မသာနဲ့ ရှက်ကြောက်သိမ်ငယ်နေသလို အပီအပြင်သရုပ်ဆောင်နေရတယ်။
ရုံးခန်းထဲကိုရောက်တာနဲ့ ကျိုးရိကျယ်ရဲ့ အမူအရာတွေက အိမ်မှာနေတုန်းကနဲ့ မတူဘဲ သူစိမ်းတစ်ယောက်လို ခြားနားသွားခဲ့တယ်။အစကနေ အဆုံးထိ အလုပ်ကိစ္စတွေကို လေးလေးနက်နက် စီမံခန့်ခွဲနေတယ်။ရှဲ့ဟယ်ကို တစ်ချက်မှ လှည့်မကြည့်နိုင်လောက်တဲ့ အထိ ကျိုးရိကျယ်အလုပ်တွေရှုပ်နေတယ်။
ကျိုးရိကျယ် သူ့ကို စောင့်ကြည့်မနေဘူးဆိုတာ သိနေတဲ့ အတွက် ရှဲ့ဟယ်က တစ်ဖက်က ရုံးခန်းထဲမှာ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေလိုက်တယ်။
နံနက် ၁၀ နာရီလောက်မှာ သပ်သပ်ရပ်ရပ်ဝတ်စားထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ရှဲ့ဟယ်ရဲ့ လက်ထဲကို စာအုပ်တစ်ထပ်နဲ့ အသံဖမ်းစက်တစ်ခုကို ထည့်ပေးလိုက်ပြီး.....
"အတွင်းရေးမှူးကျောက်...ဉက္ကဌကျိုးက အစည်းဝေးတက်ဖို့ ပြင်နေတယ်...ဉက္ကဌနဲ့အတူ ရှင်ပါအစည်းဝေးလိုက်တက်ရမယ်တဲ့..."
"အမ်....ဟုတ်...ဟုတ်ကဲ့.."
ရှဲ့ဟယ်တွေ့သမျှပစ္စည်းတွေကောက်ထည့်ပြီး အစည်းဝေးခန်းဆီကို အသည်းအသန်ပြေးရတော့တာပေါ့....
![](https://img.wattpad.com/cover/284387600-288-k18705.jpg)
ESTÁS LEYENDO
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
Ficción Generalဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။