အခန်း (50)

5.4K 804 97
                                    

နောက်ဆုံးမှာတော့ ရှဲ့ဟယ်ဆီမှာ မျက်နှာပေါ်က ဒဏ်ရာရယ် ဝမ်းဗိုက်နားကို ကန်ကျောက်ခံထားရတာရယ်ကလွဲရင် သေစေလောက်တဲ့ ဒဏ်ရာမျိုး မရှိခဲ့ပါ....

ရှဲ့ဟယ်တစ်ယောက် တန့်ကျင်းဝမ်းရဲ့ ရင်ခွင်ထဲမှာ  သတိပြန်ရလာခဲ့ပါပြီ.....တန့်ကျင်းဝမ်းက ဟိုအရင်တုန်းကအတိုင်း ပွေ့ဖက်ထားပေးတယ်လေ......

သူ အိမ်ပြန်ရောက်နေခဲ့ပြီပဲ........

"ရှောင်ကျိုး....."

တန့်ကျင်းဝမ်း တစ်ညလုံးမအိပ်ရသေးတာကြောင့် ကောင်လေးနိုးလာတာကို သတိပြုမိလိုက်တယ်.....ကောင်လေးရဲ့ ဆိုးဝါးတဲ့ အခြေနေတွေ ဒဏ်ရာတွေအကြောင်း တွေးမိလိုက်တိုင်း သူ့နှလုံးသားတစ်ခုလုံး နာကျင်နေပါတယ်......

ဒါပေမယ့် ဒီနာကျင်မှုတွေကို လူသိအောင်ထုတ်ပြနေလို့မဖြစ်သေးဘူး....ကောင်လေး သူ့အပေါ်မှီခိုနိုင်ဖို့အတွက် ပိုပြီး သန်မာမှဖြစ်မယ်...ဒါ့ကြောင့်ပဲ ကောင်လေးကို အရင်တုန်းကထက်ပိုပြီး ချိုသာနူးညံ့တဲ့ လေသံမျိုးနဲ့မေးလိုက်တယ်.....

"နိုးနေပြီပဲ......ဗိုက်ဆာနေပြီလား...."

ရှဲ့ဟယ်က စည်းတစ်ခုခြားထားသလိုအကြည့်မျိုးနဲ့သာ ပြန်ကြည့်နေပြီး ဘာမှပြန်မဖြေခဲ့ပေ.....

ဒီအကြည့်တွေကို ရင်ဆိုင်လိုက်ရချိန်မှာ ဘာ့ကြောင့်မှန်းရယ်မသိ တန့်ကျင်းဝမ်းရဲ့နှလုံးသားတစ်ခုလုံး လစ်ဟာသွားခဲ့လေတယ်....ဒီမျက်ဝန်းတွေထဲမှာ ယုံကြည်ကိုးစားမှုတွေ ကွယ်ပျောက်နေခဲ့ပြီ...အယုတ်စွဆုံး ကြောက်ရွံ့ခြင်းတွေတောင်ရှာမတွေ့တော့ဘူး.....ကောင်လေးရဲ့ အကြည့်တွေက သူစိမ်းတစ်ယောက်ကို မထူးမခြားနားဟန်နဲ့ ကြည့်နေတဲ့ အကြည့်မျိုးတွေလိုပဲ.....

ကောင်လေး သူ့ရင်ခွင်ထဲမှာရှိနေသော်ငြားလဲ  ဒီကောင်လေးကို ဆုံးရှုံးသွားခဲ့ရပြီ.......

ထိုကဲ့သို့သော သတိပြုမှုမျိုးက တန့်ကျင်းဝမ်းရဲ့ နှလုံးသားကို အဆုံးမဲ့ နှစ်မြှုပ်သွားစေခဲ့တယ်......

"ဟင်....ဘာလို့ ပြန်မဖြေတာလဲ....."

တန့်ကျင်းဝမ်း ခေါင်းငုံ့လိုက်တာကြောင့် သူ့နှုတ်ခမ်းနဲ့ ကောင်လေးရဲ့နဖူး ထိစပ်တော့မလိုနီးကပ်နေပြီ....သူ့လေသံက မွန်းကြပ်မှုတွေကို နူးညံ့မှုနဲ့ ဖိနှိပ်နေရသလိုပါပဲ...

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now