ခေါင်းမာလွန်းတဲ့ ရှဲ့ဟယ်ကို ဝေကျန်းချင်လည်း လက်လျှော့လိုက်ရပါတော့တယ်....
ဝေကျန်းချင်က နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့တဲ့ ရှီမင်းဟွေကို အခုလို ဒုက္ခရောက်နေမှာကို မမြင်ချင်မှန်း ရှဲ့ဟယ်နားလည်တာကြောင့် ဝေကျန်းချင်ရဲ့ ဆူပူမှုတွေကို စိတ်မဆိုးခဲ့ပါဘူး....
ဒါပေမယ့်လည်း ရက်အနည်းငယ်အကြာမှာ ဝေကျန်းချင်တစ်ယောက် သူ့သဘောနဲ့သူရီဇဲကိုသွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်.....
ရီဇဲက ဝေကျန်းချင်ကို အတွေ့မခံဘဲ အတွင်းရေးမှုးကနေတဆင့် စကားပါးလိုက်တယ်......
"မင်းဟွေကို ကိုယ်တိုင်လာခိုင်းလိုက်....."
ဝေကျန်းချင် စိတ်ပျက်လက်ပျက်နဲ့ ရှဲ့ဟယ်ဆီတစ်ခေါက်ပြန်လာပြီး ဖျောင်းဖျခဲ့ပြန်တယ်။ ဒါပေမယ့် ရှဲ့ဟယ်ကတော့ ရီဇဲကို သွားတောင်းပန်မယ့်အစား ပိုင်ဆိုင်သမျှကို ရောင်းချပြီး လျှော်ကြေးပေးဖို့သာ ခေါင်းမာနေခဲ့တယ်......
ရီဇဲဘက်က ဘာမှ မလှုပ်ရှားခဲ့တာကြောင့် အကြံသမားတွေကလည်း ယုတ်မာကောက်ကျစ်မှုတွေကို ထိန်းမထားတော့ဘဲ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာကြတယ်.......
ဒီနှစ်တွေထဲမှာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေနဲ့ အဆက်အသွယ်တွေလည်း တစ်ချက်တည်းနဲ့တင်ရေစုန်မျှောခဲ့ရပြီ။
လူဆိုတဲ့အမျိုးက အမြင့်ကို ဆွဲတင်ပေးဖို့ထက် အောက်ကို ဆွဲချဖို့သာ ပိုအားသန်ကြတယ်လေ......
[444: Hostတာ့တာ့ တကယ်ပဲ ရီဇဲကို သွားမရှာတော့ဘူးလား....]
[ရှဲ့ဟယ်: ဘာလို့သွားရှာရမှာလဲ....အခုနေသာ အကူအညီသွားတောင်းလိုက်ရင် အရင်တုန်းကနဲ့ ဘာကွာတော့မှာလဲ.....]
[444: Hostတာ့တာ့ဘက်က သွားမရှာရင် သူဘက်ကလည်း အရင်လာရှာမှာမဟုတ်လောက်ဘူး....ဒါဆို နှစ်သက်မှုရမှတ်တွေ ဘယ်လိုလုပ်တိုးလာတော့မှာလဲ.....]
[ရှဲ့ဟယ်: စိတ်ရှည်ရှည်ထားစမ်းပါ...ရီဇဲ လာရှာလိမ့်မယ်..... ရိုက်ကွင်းကိုတောင် လိုက်လာခဲ့သေးတာပဲမဟုတ်လား....]

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။