ချူရှင်း ချန်ချုန်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်တယ်...နန်းတော်ကို ရောက်တဲ့အခါ လက်အောက်ငယ်သားတစ်ယောက်လာပေးတဲ့စာကို ဖတ်လိုက်ပြီး အမူအရာတွေ ချက်ချင်းပြောင်းလဲသွားခဲ့တယ် ....ပြီးတာနဲ့ မြင်းကို အသော့နှင်ပြီး တစ်နေရာဆီ ထွက်ခွာသွားခဲ့လေတယ်.....
ချင်နန်းတော်ကို ရောက်ရောက်ချင်းမှာပဲ...ရှဲ့ဟယ်ရဲ့ပါးစပ်ထဲမှာ သွေးတွေ ပြည့်နေတာကို မြင်လိုက်ရတယ်.....
" ကျွန်တော်တို့ ထမင်းလာပို့တော့ သူ လျှာကိုက်ပြီး သေကြောင်းကြံနေခဲ့တာ....အသိမြန်လိုက်လို့ သေတော့ မသေသေးဘူး....သမားတော်တော့ ခေါ်ထားပြီးပြီ....."
ရှဲ့ဟယ်က ဖြူဖျော့နေသည့်တိုင် ချူရှင်းကို အကြည့်တွေနဲ့ အသံတိတ် လှောင်ပြောင်နေဆဲပါပဲ.......
ချူရှင်း ဒေါသပုန်ထနေလေပြီ.....ဒီဘုရင်ဆိုးလေးက သူ့ကိုအချိန်တိုင်း ဒေါသထွက်အောင် လုပ်နေခဲ့တာပဲ.....
" လွယ်လွယ်သေလို့ ရရိုးလား...."
ဂရုမစိုက်မိတဲ့ တခဏမှာ သေကြောင်းကြံဖို့ ကြိုးစားခဲ့တယ်....အေးအေးဆေးဆေး မနေဘဲ ကိုယ့်ဒုက္ခ ကိုယ်ရှာချင်နေတယ်ပေါ့..... သဘောထားကြီးပေးမိတာ မှားပြီပဲ.....တခဏတာ စိတ်ရှုပ်ထွေးသွားမိလို့ ဒီဘုရင်ရဲ့ ဆိုးသွမ်းမှုတွေကို မေ့ထားခဲ့မိတယ်....ဒီလိုအမှားမျိူး ဘယ်တော့မှ ထပ်မကျူးလွန်တော့ဘူး.....
ရှဲ့ဟယ် သွေးတွေ မျိုချလို့မရအောင် ချူရှင်းက ဖိထားလိုက်တယ်...စိတ်ထဲမှာတော့ ဒီသမားတော် ဘာကြောင့် နောက်ကျနေသလဲ တွေးတောနေပေမယ့် လက်တွေ့မှာတော့ လက်အောက်ငယ်သားတစ်ယောက်ကိုသွေးတိတ်ဆေး အမြန်သွားယူခိုင်းလိုက်တယ်......
သွေးတိတ်ဆေးကြောင့် သွေးသိပ်မထွက်တော့ပေမယ့်လည်း သမားတော်ရောက်လာပြီး အပ်စိုက်ကုသပေးလိုက်မှသာ သွေးတိတ်သွားခဲ့လေတယ်....
ကံကောင်းလို့သာ အချိန်မှီခဲ့ခြင်းဖြစ်တယ်...နည်းနည်းသာ နောက်ကျသွားပါက သွေးထွက်လွန်ပြီး အသက်ဆုံးရှုံး ရလိမ့်မည်သာ.....
သမားတော်က ဒဏ်ရာကို သေချာဂရုစိုက်ဖို့ မှာကြားပြီး ပြန်သွားခဲ့တယ်....

أنت تقرأ
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
قصص عامةဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။