ရှဲ့ဟယ် အစားသောက်များကို ကုန်စင်အောင်စားသောက်ပြီးသည့်အခါ အပြစ်ကင်းလှသော ကလေးတစ်ဉီးသဖွယ် ချူရှင်းကို မော့ကြည့်လိုက်ပြီး....
" ကျေးဇူးပါနော်...."
ကျေးဇူးတင်ရလောက်အောင် ဘာများလုပ်ပေးမိခဲ့မှန်း နားမလည်ပေမယ့် ချူရှင်း ခေါင်းညိတ်ပြလိုက်ပြီး......
" ဒါဆို..မင်းကြီးအနားယူလိုက်ပါဉီး...ကျွန်တော်မျိုး သွားလိုက်ပါဉီးမယ်....."
ရှဲ့ဟယ်က ချူရှင်းကို ပြံုးပြီးခေါင်းညိတ်ပြလိုက်တယ်....ဒါပေမယ့် ခဏလောက်နေတော့.....
" မောင်မင်း နာမည် ဘယ်လိုခေါ်လဲ...."
" ချုရှင်းပါ...."
" မောင်မင်း ဒီခန်းထဲကထွက်သွားပြီးတာနဲ့ ကိုယ်တော့်ကို အရှင်မင်းကြီးလို့မခေါ်နဲ့တော့...နို့မို့ဆို သူတို့ရိပ်မိသွားမှာပေါ့.....မောင်မင်း နားမလည်ဘူးလား...."
ပိုင်တုတစ်ယောက် ရှဲ့ဟယ်ကို ဘယ်လိုခေါ်ဝေါ်သုံးနှုန်းခဲ့မှန်း သတိရမိလိုက်တဲ့အခါ ချူရှင်းရဲ့ မျက်ဝန်းတွေ နီမြန်းလာခဲ့တယ်....
" နားလည်ပါပြီ...."
ရှဲ့ဟယ်ရဲ့ လက်ရှိအခြေနေက သိပ်ကိုဆိုးဝါးနေတာကြောင့် တခြားသူတွေ သတိမထားမိအောင် သတင်းပိတ်လိုက်ပြီး အရှင်မင်းကြီး ဖျားနာနေကြောင်း သတင်းလွှင့်ထားခဲ့တယ်.....
ရှဲ့ဟယ်ကို စောင့်ကြပ်ပေးခဲ့ဖူးတဲ့ လက်အောက်ငယ်သားတွေကိုလည်း အဝေးပို့ခဲ့တယ်....
အရှင်မင်းကြီးရဲ့ အရှက်ရဖွယ် အတိတ်တွေအကြောင်းကို ချူရှင်း ဘယ်သူကိုမှ မသိစေချင်ခဲ့ဘူး....အရှင်မင်းကြီးရဲ့ သိက္ခာတရားကို ချူရှင်း အကောင်းဆုံး ကာကွယ်ပေးရမယ်လေ.....
ဒါဟာ ချူရှင်း မင်းကြီးအတွက် လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်နေလို့ပါပဲ.....
ရှဲ့ဟယ် နေ့တိုင်း ချင်နန်းဆောင် နားကို လမ်းလျှောက်ထွက်ဖြစ်တယ်....ချူရှင်းနဲ့ တွေ့တိုင်းလည်း မယ်တော်ကြီးကို ဘယ်အချိန်တွေ့ရမလဲ မေးတဲ့အခါ ချူရှင်းက မယ်တော်ကြီး နေမကောင်းဖြစ်နေတယ်လို့ပဲ လိမ်ညာနေရတယ်.....
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။