CH 83

11.6K 637 123
                                        

အရေးကောင်းမှ ပွဲလာဖျက်သော ဖူယွမ်နှင့်ရီဇဲတို့နှစ်ယောက် အကြည့်ချင်းစစ်ခင်းနေကြသည်မှာ မီးတောက်များ.လွင့်စင်လာတော့မတတ်ပင်......

လူယုတ်မာကောင်က မင်းဟွေ ကူသမှုခံယူနေတဲ့ ဆေးရုံကို သူ့အိမ်သူ့ယာလိုသဘောထားပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် ခြေတစ်လှမ်းတောင် လှမ်းလို့မရခဲ့ဘူး......ကံကောင်းထောက်မလို့သာ သတင်းစာရှင်းလင်းပွဲကနေ အချက်အလက်အချို့ရခဲ့တယ်......

ဘယ်သူမှ သူ့ကို မတားနိုင်ခင် ရီဇဲနဲ့ ရှဲ့ဟယ်တို့ရှိရာဆီ ဖူယွမ် ခြေလှမ်းကျဲကျဲ လှမ်းသွားခဲ့လိုက်တယ်......

ရီဇဲရဲ့ အကြည့်တွေ ရေခဲတမျှ အေးစက်နေတဲ့အပြင် ရက်စက်ကြမ်းကြုတ်တော့မည် အရိပ်အယောင်တွေလည်း ထိန်းမရသိမ်းမရအောင် ဆူဝေလှိုက်တက်လာတယ်.....

ဒီလူယုတ်မာကြောင့်သာ ကျန်းဇီဟန်နဲ့ သူ့အကြောင်းတွေ ဘူးပေါ်သလို ပေါ်ကုန်ပြီး ဒီလိုတွေဖြစ်ခဲ့ရတာ.....အခုလည်း လက်ထပ်ခါနီး ပွဲလာဖျက်ချင်ပြန်ပြီလား.....

" မင်းကို ဘယ်သူဖိတ်ထားလို့လဲ......"

"ဟွန့်.... ငါသာရောက်လာရင် မင်းစိတ်တိုင်းကျ ဘာမှလုပ်လို့မရတော့မှန်း ကြိုသိနေလို့ ငါကိုမဖိတ်ရဲတာမလား....."

ဒီစကားကြောင့် ပရိတ်သတ်တွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်.....ပွဲတက်လာသူတိုင်း​က ရီဇဲနဲ့ မင်းဟွေအကြောင်းသိထားသူတွေပါ....

နှစ်ဉီးသား အပြန်အလှန်ချစ်ကြလို့ လက်ထပ်လိုက်ကြတာမဟုတ်ဘူးလား....
ဖူယွမ်​ပြောတဲ့ ဖိအားပေးခံရတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ......

ရီဇဲ ရှဲ့ဟယ်ကို ပြန်ပေးဆွဲပြီးချုပ်နှောင်ထားခဲ့မှန်း ပရိတ်သတ်တွေ ဘယ်သိပါမလဲ....ဒါ့ကြောင့် အကြောင်းစုံသိနေတဲ့ ကျန်းဇီဟန်ကပဲ ဖူယွမ်ကိုဝင်တားရတော့တယ်.....

" မင်းဟွေ ဖိအားပေးခံရမဟုတ်ဘူး....ပေါက်ကရတွေလျှောက်ပြောမနေနဲ့....."

ကျန်းဇီဟန်ရဲ့ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်နေအောင် နာကျင်နေရပေမယ့် ရီဇဲနဲ့ မင်းဟွေတို့ရဲ့ မဂ်လာပွဲကို ကောင်းချီးပေးဖို့ ရောက်အောင်လာခဲ့တာပါ....ဒါ့ကြောင့် ကောင်လေး မဂ်လာယူနေတာကို ဖူယွမ် အနှောက်ယှက် မပေးနိုင်အောင် ခပ်ဝေးဝေးရောက်တဲ့အထိ ဆွဲခေါ်သွားဖို့ကြိုးစားနေတယ်......

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 05, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာDonde viven las historias. Descúbrelo ahora