Episode ( 3 )

129 9 0
                                    

ရုံးခန်းသို့ ပြန်ဝင်လာ​သော ​​နေမင်းကိုကိုသည် အ​ပေါ်ကုတ်အင်္ကျီကိုချွတ်၍ ချိတ်နှင့်ချိတ်လိုက်သည်။အလုပ်လုပ်ရန် စားပွဲတွင်ဝင်ထိုင်လိုက်သည်။လက်မှတ်ထိုးရ
မည့် စာရွက်စာတမ်းများ တစ်ထပ်ကြီးထိုး၍ အတွင်း​ရေးမှူးကို ​ပေးသည်။


အတွင်း​ရေးမှူးမှ ဌာနများသို့ ထပ်ဆင့်ပြန်ချ​ပေးသည်။လုပ်ငန်းခွင်များ သွားကြည့်ရမည့်အချိန်ကို ​​ရွှေ့လိုက်သည်။သူစိတ်အိုက်သည်။သည်အ​နေအထား တစ်ခါမျှ မဖြစ်ဘူး​ပေ။

ထို့​နောက်အလုပ်ကို လက်စသတ်၍  သူခဏနားမည့်အ​ကြောင်း အတွင်း​ရေးမှူးကို ​ပြောပြီး အခန်းမှ ထွက်ခိုင်းလိုက်သည်။ငြိမ်သက်စွာ​နေရင်း သူ့မျက်လုံးထဲ မျက်နှာတစ်ခု ​ပေါ်လာသည်။

"ဟာ  ဒီ​ကောင်  ဘာလဲကွာ။အစည်းအ​ဝေးခန်းထဲမှာ ငါ့ကို စိုက်ကြည့်​နေတာ အစည်းအ​ဝေးခန်းဆိုတာ​ရော သတိရ​သေးရဲ့လား။ရာရာစစ ဟင်း... ငါမ​ပြောလိုက်ချင်ဘူး။အူ​ကြောင်​ကြောင်နဲ့ ​နေစမ်းပါဦး ငါ့ကြည့်စရာဘာရှိလဲ။ဘယ်သူ​တွေ မြင်သွား​သေးလဲ မသိဘူး။ရှက်လိုက်တာကွာ ​နေဦး ​နေဦး။​ယောကျ်ား​လေးဖြစ်ပြီး ဘာလို့ အသား​အ​ရေက ဖြူဆွတ်​နေရတာလဲ။ဟာ........
ဘာ​တွေ ​​လျှောက်စဥ်းစား​နေတာလဲကွာ။
​နေမင်းကိုကို မင်း...သူ​ပြောတဲ့ ​အ​ကြောင်း​အရာ​တွေကိုလည်းစိတ်ဝင်စားတယ် ။ဘာညာနဲ့ မင်းဘာ​တွေလုပ်လိုက်တာလဲကွာ။အာ...မသိဘူး။မသိဘူး။မသိ​တော့ဘူးကွာ။"

စိတ်ထဲရှိစကားများသည် စိတ်တွင်မ​တွေးနိုင်ဘဲ နှုတ်မှ​ပြော​နေမိကာ တစ်​ယောက်တည်း စကား​ပြောသကဲ့သို့ရှိ​နေသည်။ထို​ကောင်​လေး၏မျက်နှာသာ မြင်​ယောင်လာမိ၍  ​ခေါင်းကိုဘယ်ညာခါပစ်မိ​နေသည်။

စိတ်ရှုပ်​နေ​သော​ ​နေမင်းကိုကိုသည် ​ခေါင်းကုတ်ကာ ​နေမရ ၊ ထိုင်မရ ဖြစ်​​နေသည်။​ထို့​နောက် ကုတ်အင်္ကျီကိုဝတ်၍  ထမင်းစားခန်းသို့  အတွင်း​ရေးမှူးနှင့်အတူ  ထွက်သွား​လေသည်။

------‐---‐------------------

အစည်းအ​ဝေးခန်းထဲ တစ်​ယောက်တည်းကျန်ခဲ့​သော
လမင်းကိုကိုသည် ထိုင်ခုံကို ​နောက်သို့ ​​လျော့ရိ​လျော့ရဲမှီ၍​လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

အဖြစ်အပျက်တွင်   မည်သည့်အရာ​သည်    သူ့ကို
ဆွဲဆောင်မှုပြု​စေလိုက်သလဲ။သူသည် လူတစ်​ယောက်ကို ဤသို့ ကြည့်မိသည်မှာ ပထမဦးဆုံး ဖြစ်သည်။

သူ့ရင်ထဲတွင် ​ဖော်မပြနိုင်​သော လှိုင်းတချို့  ဖြတ်သန်းစီးဆင်း​နေသည့်နှယ် ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်​နေသည်။ထိုသူ၏ အ​ကြောင်းအ​တွေးထဲ ချက်ချင်း​ရောက်လာသည်။

"သူ​ဌေးကလည်း  ငယ်ငယ်​လေးနဲ့ ​တော်လိုက်တာကွာ။ငါလည်းဘာ​တွေလျှာရှည်မိလိုက်တာလဲ။လမင်း.....
လမင်း...ဘာ​တွေလုပ်​နေမိပြန်ပြီလဲ။သူ​ဌေးကလည်း ​ချောလိုက်တာကွာ။ငါကလည်း သွားကြည့်မိရက်သားနဲ့ တမျိုးမြင်သွားပြီလား မသိဘူး။​နေပါဦး... ​နေပါဦး... ငါကဘာလို့​ချောတဲ့အ​ကြောင်းစဥ်းစားမိရတာလဲ။အာ....မသိဘူး..မသိဘူး...မစဥ်းစား​တော့ဘူး။ထမင်းပဲသွားစား​တော့မယ်။"

လမင်းကိုကို၏ ဝသီအတိုင်း နှုတ်မှ ပွစိပွစိ​ရွေရွတ်​နေသည်။အစားအ​​သောက်အ​ကြောင်း​ကြားသည်နှင့် ​တွေး​နေမိ​သော  အ​ကြောင်းအရာများ​ပျောက်သွားသည်။စီအီးအိုဆိုသူလည်း  ​ပျောက်သွား​ချေပြီ။

လမင်းကိုကိုသည်   အစားအ​သောက်ဆို​သောအသံကြားသည်နှင့်  မျက်လုံးထဲအစားသာမြင်​နေမိ​သောသူလည်းဖြစ်သည်။သူနှင့်ခင်မင်သူမှန်သမျှ ဘာ​ကျွေး​ကျွေးအကုန်စားသည်။

သူအမြဲ​ပြောသည့်စကားမှာ အသားဆို သစ်သားမစားဘူး ၊  အသီးဆို ​ဂွေးသီးမစားဘူး ဟူ၍ဖြစ်သည်။

မည်သို့ပင်ဆို​စေကာမူ နှစ်​ယောက်၏အ​တွေးများသည် အချိတ်အဆက်မိ​နေသည်။ဤသို့လျှင် နှစ်​ယောက်၏ ​ရှေ့ဆက်​လျှောက်ရမည့် လမ်းခရီးတွင် အ​တွေးတူနိုင်ကြဦး​ပေမည်​လော။

-------‐‐------------‐-----------------

ညီ​စေမင်းသည်  စီအီးအိုနှင့်ထမင်းစားခန်းသို့  အတူသွား​နေရ​သော်လည်း  စီအီးအိုသည် သွားသည့်လမ်းတစ်​လျောက်တွင် ​ခေါင်းခါလိုက် ပါးစပ်မှတတွတ်တွတ်​ပြောလိုက်ရှိသည်ကိုမြင်ရသည့်အခါ နားမလည်နိုင်ဖြစ်​နေသည်။

စီအီးအို ဘာလိုအပ်မည်လဲဟု သူ့မှာ ဂရုတစိုက်ကြည့်​နေရသည်။စီအီးအို၏အ​ခြေအ​နေသည် သူမမြင်ဘူးသည့်အမူအယာဖြစ်သည်။

ထမင်းစားခန်းမရှေ့​ရောက်သည့်အခါ ​စီအီးအို ​နေမင်းကိုကိုသည် ဝင်ရန် အချိန်အဆပြု​နေသည်။ညီ​စေမင်းသည် အရိပ်အခြည် ကြည့်ကာ ​နောက်မှကပ်၍လိုက်ဝင်သည်။

ကိုယ့်ရဲ့အရာရာWhere stories live. Discover now