လမင်းကိုကိုသည် ရုံးသို့ တစ်ယောက်မှမရောက်ခင် စောစောရောက်အောင်သွား၍ အခန်းထဲဝင်ထိုင်နေ
သည်။ယခုချိန်တွင် မည်သူနှင့်မျှ မတွေ့ချင်ဘဲ ဖြစ်နေ
သည်။ယနေ့ မတွေ့ချင်သော သူကိုရှောင်ရှားရမည်ဖြစ်
သည်။သူသည် အဘယ်ကြောင့် ဤအပြုအမူမျိုးလုပ်မိပါလိမ့်ဟု မသိသော်လည်း လုပ်ကိုလုပ်ရမည်ထင်မြင်မိသည်။နေမင်းကိုကိုသည် အဆောက်အဦထဲသို့ ဝင်လာသောလူအများကြားထဲတွင်သူပါလာမလားဆိုသော စိတ်ဖြင့် စောင့်နေမိသည်။
ထိုစဥ် အတွင်းရေးမှူးမှ အရေးကြီးအလုပ်များရှိသည် ဆိုသောသတိပေးမှုကြောင့် အပေါ်သို့တက်လာခဲ့သည်။သက်ပြင်းတစ်ချက်ချရင်း သူစိတ်ပူနေမိသည်။အလုပ်
များမြန်မြန်ပြီးအောင် လက်စသတ်ရင်း ထမင်းစားခန်းတွင် လမင်းကိုကိုနှင့်တွေ့ရန် မျှော်လင့်မိသည်။သူသည် စိတ်လာကြီးစွာ ခန်းမဘက်သို့ သွက်သွက်လျှောက်သွားမိသည်။လမင်းကိုကို ကို မတွေ့သောအခါ ကျန်သည့်သူများကို မေးမိသည်။မည်သူမျှမတွေ့ဟုဆိုရာဝယ်။
"ညီ မင်းဘယ်ရောက်နေတာလဲကွာ။"
"ကိုနေ ကျွန်တော် ခဏစကားပြောပါရစေ။"
"အိုကေ ညီစေ ပြော။"
ထို့နောက် ဆိုင်တစ်ဆိုင်တွင် စကားပြောရန် ထွက်လာကြသည်။လူတစ်ယောက် လှစ်ခနဲ ပြေးသွားသည်ကို မြင်မိသော်လည်း ဘယ်သူဘယ်ဝါဟု လိုက်မကြည့်မိပေ။
"ကိုနေ လမင်းကိုကို ကိုလိုက်ရှာနေတာလား။"
"အာ...ဒါက..."
"ကိုနေ မငြင်းပါနဲ့။"
"ကို....."
တည်တည်ငြိမ်ငြိမ်ဖြင့် စကားပြောနေသော သူ့အတွင်းရေးမှူးကို နေမင်းကိုကိုသည် ပြန်ပြောရန်ခက်ခဲနေ
သည်။"ကိုနေကလေ လမင်းကိုကိုနဲ့ရှိနေရင် ရယ်နေ ၊ ပြုံးနေ ၊ သွက်လက်နေတာပဲ။ပြီးတော့ သူ့ကို ညီလို့ ဘာဖြစ်လို့ခေါ်တာလဲ။ကိုနေ သူ့အနားရောက်သွားရင် နေရောင်လရောင်ကုမ္ပဏီရဲ့ စီအီးအိုနေမင်းကိုကိုဆိုတာ လုံးဝမဟုတ်တော့သလိုဘဲ။ကိုနေတို့ နှစ်ယောက်ဆုံရင် ဘေးလူတွေရှိမှန်းမသိကြတော့ဘူး။အခုလည်း သူ့ကိုအသည်းအသန်လိုက်ရှာနေတာလေ။"
"ဘယ်လိုပြောရမလဲကွာ ညီစေ။ကိုနေ သူ့ကိုပဲတွေ့ချင်နေမိတယ်။"
"ကိုနေ ကိုယ့်ကိုယ်ကိုယ် ဘာတွေဖြစ်နေမှန်းသိပြီလား။"
"သူ့ကိုတွေ့ချင်တယ်"
ငြင်းဆန်ခြင်းလည်းမရှိ ၊ ဝန်ခံခြင်းလည်းမရှိသော
စီအီးအိုကို သူဘယ်လိုလုပ်ရမည်လဲ။တုတ်တုတ်မလှုပ် ချီတုံချတုံ ဖြစ်နေသောနေမင်းကိုကိုသည် တွေဝေနေပုံရသည်။ညီစေမင်းသည် ဒါကိုလက်မခံချင်ပေ။ရဲရင့်စေချင်သည်။ပြတ်သားစေချင်သည်။"သူကတော့ ကိုနေ့ကို တွေ့ချင်ပုံမရဘူး။"
"ဘယ်လို ညီစေ ဘာကိုပြောချင်တာလဲ။"
ထမင်းစားရင်း စကားပြောခြင်း ဖြစ်သည့်အတွက်
လက်စသတ်လိုက်ကြသည်။ညီစေမင်းဆက်ပြောမည့် စကားကို နေမင်းကိုကိုစောင့်နေသည်။စီအီးအို၏ စိတ်မရှည်သည့်အကြည့်ကို မြင်သော်လည်း မသိကျိုးကျွန်
ပြုကာ ရေသောက်နေလိုက်သည်။ရေခွက်ကို စားပွဲသို့ လှမ်းတင်ရင်း ပြောလိုက်သည်။"သူသိနေပြီလေ။အဲဒါကြောင့် ကိုနေ့ကို ရှောင်နေတာပေါ့။"
"မဖြစ်နိုင်ဘူး။ကိုနေ အဲ့လိုမထင်ဘူး။"
"ကျွန်တော် ပြောနိုင်တာက သူသိနေပြီ။ပြီးတော့..."
"ပြီးတော့..ဘာလဲ..."
"ကိုနေတို့နှစ်ယောက်ကို တစ်ရုံးလုံးက စောင့်ကြည့်နေကြတယ်ဆိုတာပဲ။"
"သူ့ကိုပဲတွေ့ချင်တယ်။"
"ကိုနေ ဝန်မခံသေးဘူးနော်။အချစ်ကို ကစားစရာလို့
ထင်နေကြတာလား။ပျက်စီးသွားရင် ခင်ဗျားတို့နှလုံးသားတွေ ရှင်သန်နိုင်မှာမဟုတ်တော့ဘူး။အချစ်ဆိုတာကြီးကို ချစ်လိုက်ကြပါ လို့ပဲပြောချင်တယ်။"စကားအကောင်းပြောနေရင်းမှ ပေါက်ကွဲပြီး ခပ်ထေ့ထေ့ပြောသွားသော ညီစေမင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့်ကျန်နေခဲ့သည်။
ဆိုင်အပြင်သို့ ခေါင်းတစ်ခါခါနှင့် ထွက်လာခဲ့မိသည်။သူတို့နှစ်ယောက်ဆုံနိုင်ရန် လမ်းပြမည့်သူဟာ သူပဲဖြစ်နေနိုင်သည်ထင်သည်။ညီစေ အပြုံးလှလှလေး ပြုံးလိုက်သည်။ထို့နောက် ရှေ့သို့ ဆက်လျှောက်လာလိုက်သည်။
YOU ARE READING
ကိုယ့်ရဲ့အရာရာ
General Fictionမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...