လမင်းညီညီ ပြောစကားအပေါ် ငြိမ်သက်လျက်နားထောင်မိသည်။လူသုံးယောက် ခဏတစ်ဖြုတ် တိတ်
ဆိတ်သွားသည်။စကားသံထပ်ထွက်လာသည်။"ကိုကို ကိုညီစေမင်းကို ညီညီအခုခေါ်သွားလို့ရတယ်မလား။"
"နှစ်ဦးသဘောဆိုရင်တော့ ကိုကို့မှာ ပြောစရာစကားမရှိပါဘူး။"
နေမင်းကိုကို၏ စကားကို ကြားပြီးနောက် လမင်းညီညီသည် ညီစေမင်းအနားသို့ တစ်လှမ်းချင်းလျှောက်သွားသည်။
"ကိုညီစေ သွားရအောင်..."
"ကျွန်တော်အလုပ်လုပ်နေပါတယ်။ဒါကျွန်တော့်အလုပ်
ချိန်ပါ။မလိုက်နိုင်ပါဘူး။"ညီစေမင်း၏ စကားကြောင့် အားလုံးအထိတ်တလန့် ဖြစ်သွားသည်။သည်လိုစကားမျိုး ပြောလိမ့်မည်ဟု မည်သူမျှမထင်ထားချေ။လမင်းညီညီ တစ်ချက်တွေဝေသွားပြီးနောက် နှုတ်ခမ်းထောင့်မှအပြုံးတစ်ခု ပေါ်လာသည်။
ညီစေမင်းအနားသို့သွား၍ မျက်နှာနှစ်ခု ထပ်တူကျစေလိုက်သည်။ဤသို့ပြုလုပ်မည် မထင်သောကြောင့် ညီစေမင်း မျက်လုံးပြူးပြူးနှင့်ကြည့်၍ တွန်းထုတ်လိုက်သည်။
"ညီညီ မင်းဘယ်လိုလုပ်လိုက်တာလဲ။"
"ကိုညီညီ အာ..."
အာမေဍိတ်သံများ အလျှိုအလျှိုထွက်လာသည်။နောက်
ထပ်အပြုအမူတစ်ခု ထပ်ရှိလာပြန်သည်။လမင်းညီညီ
သည် ညီစေမင်းကို မလွဲတမ်းဆွဲဖက်ထားလေသည်။ကျန်နှစ်ယောက်မှာ အကြောင်သား ငေးစိုက်ကြည့်နေမိသည်။ရုန်းထွက်လေ အတင်းဆွဲဖက်ထားလေနှင့် နှစ်ဦးသား လွန်ဆွဲနေသည်။
"ကိုညီစေမင်းကို ကျွန်တော်လွှတ်မယ်ထင်နေလား။မင်းငါ့လက်ထဲက ပြေးမလွတ်ပါဘူး။လွှတ်လည်း
မလွှတ်နိုင်ဘူး။""လမင်းညီညီ မင်းကိုယ့်ထက်အကြီးကို ဒီလိုပမာမခန့်တွေပြောနေတာလား။ငါမင်းထက်အကြီးနော်။မင်းတွေငါတွေနဲ့စကားပြောတာလား။"

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiksi Umumမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...