Episode (2)

164 13 0
                                    

ရန်ကုန်မြို့ကြီး၏ တိုးတက်​ပြောင်းလဲမှုသည် အလွန်အံ့ဩစရာ​ကောင်းလှ​ပေသည်။သူ​ကျောင်းသွားတက်
စဥ် ကာလအတွင်း မြင့်မားလှ​သော အထပ်မြင့်
အ​ဆောက်အဦ များစွာရှိ​​နေခဲ့ပြီဖြစ်သည်။

မိမိနိုင်ငံ၏  ဖွံဖြိုးတိုးတက်မှုကို မြင်ရသည်မှာ  သူပြန်လာခဲ့ခြင်းသည် မမှားဘူးဟုဆိုနိုင်​ပေသည်။
​ကျေနပ်စွာပြုံးမိပြီး 'ငါဒီအ​ဆောက်အဦကြီးမှာ  အလုပ်လုပ်ရမှာပါလား' ဟု​တွေးမိရင်း လမ်းတစ်ဖက်သို့ ကူးမိသည်။

ထိုစဥ်အ​ဆောက်အဦ​ရှေ့သို့ ကားတစ်စီး ထိုးစိုက်လာပြီး လူတစ်​ယောက် ဆင်းလာသည်။လူအများ၏ အသိအမှတ်ပြု နှုတ်ဆက်မှုကို  ​ခေါင်းညိတ်ပြပြီး အထဲသို့ဝင်သွားသည်။

ကုမ္ပဏီ၏ အစည်းအ​ဝေးခန်းမထဲတွင် လူအများ အလုပ်ရှုပ်​နေကြသည်။မန်​နေဂျာ၏  '​ ​နောက်ဆယ်မိနစ်ပဲ လို​တော့တယ်​နော် ' ဆို​သော စကားအဆုံးတွင် လုပ်လက်စအလုပ်များ လက်စသတ်လိုက်ကြသည်။

မန်​နေဂျာနှင့်အတူ ဝန်ထမ်းနှစ်​ယောက် ကျန်ခဲ့ပြီး ကျန်သူများထွက်သွားကြသည်။ထို့​နောက် တံခါး​ခေါက်သံကြားပြီး ခန်းမတံခါးပွင့်လာကာ စီအီးအိုနှင့်ဌာနအလိုက် မန်​နေဂျာများ ၊ ဝန်ထမ်းများ အစည်းအ​ဝေးခန်းထဲသို့ ဝင်​ရောက်လာကြသည်။

ထိုင်ခုံအသီးသီးတွင် ​နေရာယူလိုက်ကြပြီး စီအီးအိုမှ တစ်ချက်လှမ်းကြည့်ကာ အချက်ပြလာသည်။
မန်​နေဂျာမှ ​နောက်ငါးမိနစ်တွင် အစည်းအ​ဝေးစမည့်အကြာင်း​ပြောကာ အချက်အလက် စာရွက်စာတမ်းများ ဝေ​ပေးရန် ဝန်ထမ်းနှစ်​ယောက်ကို ခိုင်းလိုက်သည်။
ထိုင်ခုံအလွတ်ကို​တွေ့သည်နှင့်စီအီးအိုမျက်နှာ ပျက်သွားသည်။

"ဘယ်သူမ​ရောက်​သေးတာလဲ"

စကားအဆုံးတွင် ခန်းမရှိလူများ ရင်ထဲ ထိတ်ထိတ်
ပျာပျာ ဖြစ်သွားကြသည်။ထိုစဥ် အခန်းထဲသို့ လူတစ်​ယောက် ဝင်လာသည်။

"ကျွန်​တော် လမင်းကိုကိုပါ။အစည်းအ​​ဝေးစဖို့ ငါးမိနစ် အလိုမှ ​ရောက်လာမိတာ ​တောင်းပန်ပါတယ်။"

စီအီးအိုမှ ​မေးထိုးပြ​သော​ကြောင့် ခုံအလွတ်တွင် ဝင်ထိုင်လိုက်သည်။ထို့​နောက်  အစည်းအ​​ဝေးစတင်ပြီး ဌာနအလိုက်  လုပ်ငန်းစဥ်အ​ကြောင်းများ  ရှင်းပြကြသည်။

ကိုယ့်ရဲ့အရာရာWhere stories live. Discover now