လမင်းကိုကိုသည် အဖြစ်အပျက်အဖုံဖုံကို ခေါင်းထဲမှ ထုတ်၍အလုပ်ကို ကြိုးကြိုးစားစားလုပ်ရန် တက်တက်ကြွကြွဖြင့် ရုံးသို့ရောက်လာသည်။တွေ့သမျှလူ လိုက်နှုတ်ဆက်ပြီး တဟီးဟီး တဟားဟားဖြင့် စနောက်သည်။
လမင်းကိုကိုသည် တောင်ကြည့်မြောက်ကြည့်နှင့် တစ်ချက်ကြည့်ပြီး အခြေအနေကောင်းသည်ဟုထင်ကာ အေးအေးချမ်းချမ်း အလုပ်များ ဆက်တိုက်လုပ်နေ
သည်။နေ့လယ် ထမင်းစားချိန် ရောက်သည့်အခါ ရုံးခန်းမှ သူ၏အဖွဲ့ဝင်များနှင့် ထမင်းစားခန်းသို့ တစီ
တတန်းကြီးသွားကြလေသည်။ခန်းမတွင်လည်း ထမင်းစားရင်း စကားပြောသံများကြောင့်ဆူညံနေသည်။လူတစ်ယောက်ဝင်လာသည်ကို မည်သူမျှ မမြင်ဘဲ လမင်းကိုကို၏အနောက်မှ ရပ်၍ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည့်အခါမှသာ အလျှို
အလျှို ထွက်သွားကြလေသည်။"သွားကြတော့မလို့လား။နေဦးလေ။ကျွန်တော် စားလို့မပြီးသေးတာကို..."
ထမင်းစားရင်း နှုတ်ခမ်းစူပြီးပြောနေသော ထိုကောင်လေးဘေးကို ဝင်ထိုင်လိုက်သည်။ယခုမှ ဘေးသို့ ကြည့်လိုက်မိသောကြောင့် လမင်းကိုကို အထိတ်တလန့် ဖြစ်သွားသည်။
"လ က လေး ဆက်စားလေ။ကိုကို စောင့်ပေးမယ်။"
မျက်နှာချိုချို ချစ်ရည်ရွှန်းလက်နေသော မျက်ဝန်းများဖြင့်ကြည့်ကာ ပြောလာသော နေမင်းကိုကို ကိုကြည့်ပြီး တွန့်ဆုတ်သွားမိသည်။
"Boss ဘယ်လိုပြောနေတာလဲ။တိုးတိုးပြော တစ်ခြားသူတွေ ကြားသွားမယ်။"
ဇက်ကလေးပုဝင်ကာ ဟိုကြည့်သည်ကြည့်နှင့် အသံတိုးတိုးလေးပြောသော လမင်းကိုကိုမှာ ရုံးဝန်ထမ်းများ တွေ့မြင်သွားမည်ကို အလွန်တရာ စိုးရိမ်ပူပန်နေ
သည်။တစ်ချို့မှာလည်း ကွက်ကြည့်ကွက်ကြည့်နှင့် ခိုးကြည့်နေကြသည်။"မစိုးရိမ်ပါနဲ့ လကလေးရဲ့ ကြားကြားပေါ့။ကိုယ်ချစ်သူကိုပြောတာပဲ။ဘာဖြစ်လဲ။"

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiksi Umumမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...