အခန်းထဲတွင် တိတ်ဆိတ် ခြောက်ကပ်လျက်ရှိနေ
သည်။နေမင်းကိုကိုသည် လမင်းကိုကိုအနားသို့ ကပ်ထိုင်လိုက်သည်။ရုတ်ချည်းအဖြစ်အပျက်တွင် လမင်းကိုကိုသည် ငြိမ်သက်စွာရှိနေသည်။ယခုလည်းတုတ်တုတ်မျှမလှုပ်နေသည်။ချစ်သူနှစ်ဦး အကြားပြောစရာစကားများပျောက်ဆုံးသကဲ့သို့ရှိသည်။"ကိုကို လလေး အလုပ်ရှိလို့ သွားလိုက်ဦးမယ်။"
ထိုင်ရာမှထ ထွက်သွားသော လမင်းကိုကို၏လက်ကိုဖမ်းဆွဲ၍ နေမင်းကိုကိုပေါင်ပေါ်သို့ ဆွဲထိုင်စေလိုက်သည်။
"ကိုကို..."
ခေါ်သံနှင့်အတူ မျက်နှာရဲလျက် ခေါင်းငုံ့ထားသော ချစ်သူကို နေမင်းကိုကို အလွန်အသည်းယားမိသည်။ထွေးပွေ့စွာ ဖက်ထားသော နေမင်းကိုကို၏လက်များကို ပြန်လည်ဆုပ်ကိုင်ထားမိသည်။
အသက်ရှူသံများသာ ထွက်ပေါ်လျက်ရှိနေသည်။နှုတ်ခမ်းနှစ်စုံ တစ်ထပ်တည်းကျစေရန် နေမင်းကိုကိုကြိုးစားလာသည်။မျက်စိစုံမှိတ်ငြိမ်သက်နေသော ချစ်သူမျက်နှာလေးအား နေရာအနှံ့အနမ်းခြွေမိသည်။
တဖြည်းဖြည်းအသက်ရှူသံများမြန်ဆန်လာကာ လက်များသည် အင်္ကျီကြယ်သီးဆီသို့ ရောက်လာသည်။ထိုအချိန် လမင်းကိုကို အသိဝင်လျက် ချစ်သူ၏
ခန္တာကိုယ်သို့ အနည်းငယ်တွန်းလျက်ကြည့်မိသည်။"ဆောရီး လကလေး...ကိုကို...ကိုကိုစိတ်လောသွားတယ်။"
နေမင်းကိုကိုသည် သူ၏ချစ်သူလေးစိတ်မကြည်မှာ ၊ နာကျင်မှာကိုအလွန်အစိုးရိမ်ပိုမိသည်။ခွင့်ပြုချက်မရှိဘဲ သူလွန်သွားမှာစိုးရိမ်မိသည်။
ဆိုဖာတွင် ခပ်ခွာခွာ ပြန်ထိုင်ကာ တွန့်ကြေသွားသည့်အင်္ကျီကိုဆွဲဆန့်မိသည်။လမင်းကိုကိုသည် နေမင်းကိုကိုအနားသို့ တိုးလာကာ ခါးအောက်မှလက်လျှိုပြီး ရင်ခွင်ထဲသို့ မှီ၍ဖက်လာသည်။
နေမင်းကိုကိုသည် လမင်းကိုကို၏ စိတ်ပြောင်းလဲမြန်မှုကိုစိတ်ပူမိသည်။လမင်းကိုကို၏စိတ်လှုပ်ရှားနေမှုကို အနီးကပ် အတိုင်းသား တွေ့မြင်နေရသည်။
သူ၏ချစ်လှစွာသော ချစ်ရသူလေးသည် ခုတစ်မျိုး တော်ကြာတစ်မျိုးဖြင့် ရင်ပူရသည်။သူ၏စိတ်ထိန်းထားနိုင်မှုသည် မည်သည့်အချိန်ကာလထိရှိနေနိုင်မည်နည်း။ထိုသို့ပြုလုပ်မည်မထင်ထားသောကြောင့် နေမင်းကိုကိုမှာ ကြည့်၍ ကြည်နူးပီတိ ဖြစ်မိသည်။
နဖူးအားခပ်ရွရွနမ်းလိုက်သည်။ထို့နောက် မျက်လုံး ၊ နှာခေါင်း ၊ ပါး ၊ ပါးစပ် နေရာအနှံ့အပြားနမ်းသည်။
"ကိုကို့ကိုပြောစရာရှိတယ်။"
"ပြောလေ လကလေး။"
"လကလေး လေအရင်ကအိပ်မက်ဆိုးမက်လေ့ရှိတယ်။ဒါပေမဲ့ ကိုကိုနဲ့တွေ့ပြီး နောက်ပိုင်းမမက်တော့ဘူး။ဟိုတခါ ကိုကို့ကို ငြင်းတုန်းက တခါမက်သေးတယ်။လကလေး ကြောက်လိုက်တာအရမ်းပဲ ၊ ကိုကိုနဲ့အဆင်ပြေသွားတော့ အခု မမက်တော့ဘူး။"
"လကလေးနဲ့ကိုကိုက ရေစက်ရှိပါတယ်ဆို ၊ ကိုကို လကလေးကို ဂရုစိုက်မိတာတွေ တစ်ခုခုအဆင်မပြေမှာ စိုးရိမ်မိတာတွေကရေစက်နေမယ်။"
"ဟုတ်တယ်နော်။ကိုကို လကလေး အနားမှာရှိရင် လုံ
ခြုံတယ်လို့ ခံစားရတယ်။"ထိုသို့ပြောနေစဥ်မှာပင် ခါးကိုတိုး၍ဖက်မိသည်။တစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်ချင်းကပ်လျက် မှီထားသည်။
"လကလေး..."
"ဟင်..."
"လကလေးကို ကိုကိုအရမ်းချစ်တယ်။"
"လကလေးလည်း ကိုကို့ကို အရမ်းချစ်ပါတယ်။"
ကြင်နာမှုစကားသံများသည် ချစ်သူနှစ်ဦးအကြား ရင်ခုန်သံကို မြန်စေသည်။ယုံကြည်မှု ၊ သစ္စာရှိမှုများ နောက်ပါးမှ ကပ်လိုက်လာသည်။တစ်ဦးကိုတစ်ဦး ချိုမြိန်စွာကြည့်မိသည်။ပြုံးမိသည်။
ညှို့ငင်ဆွဲယူသော နှုတ်ခမ်းများ၏အနမ်းကို ရှောင်ဖယ်မနေတော့ဘဲ ရှေ့ကို ခရီးဆက်မိသည်။စိတ်တူကိုယ်မျှရှိလာပြီး တစ်ရစ်ပြီးတစ်ရစ် ဆွဲငင်မိသည်။
နူးညံ့သောနှုတ်ခမ်းမှသည် ချောမွတ်သောလည်တိုင်ဆီသို့တိုးမိသည်။မွတ်သိပ်သော ခံစားချက်များကိုချုပ်
တည်းမထားဘဲ သူ့အလိုလို စီးဆင်းစေသည်။ထိုမှသည် စကားသံအချို့ တစ်စွန်းတစ်စထွက်ကျလာသည်။
"လကလေး မင်းက ကိုယ့်ရဲ့ အရာရာပါပဲ ကလေးရယ်။"
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

YOU ARE READING
ကိုယ့်ရဲ့အရာရာ
Fiksi Umumမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...