နေရောင်လရောင်ကုမ္ပဏီသည် လူငယ်များ အလုပ် အကိုင် အလိုချင်ဆုံး နေရာတစ်ခုဖြစ်သည်။ကုမ္ပဏီ၏
ဝန်ထမ်းများအပေါ်တွင် ညှာတာထောက်ထား၍ တန်းတူရည်တူ အခွင့်အရေးများ ပေးသည်။
ဝန်ထမ်းများ၏ လိုအပ်ချက်ကိုလည်း တတ်နိုင်သမျှ
ဖြည့်ဆည်းပေးသည်။မိသားစုဆန်သော ကုမ္ပဏီဖြစ်ပြီး ဝန်ထမ်းများအတွက် နေ့လယ်စာကို ရုံးတွင် စီစဥ်ထားရှိပေးသည်။
ယနေ့ရုံးတွင် အစည်းအဝေးရှိသောကြောင့် ဌာနတွင်းရှိလူများစုံလင်နေသည်။ထမင်းစားခန်းမတွင် စားပွဲတိုင်း လူပြည့်နေသည်။စီအီးအို ဝင်လာသောအခါ အသံများ တိတ်ဆိတ်သွား၍ ဇွန်းသံ၊ပန်းကန်သံသာ ကြားရသည်။
အတွင်းရေးမှူးမှ လက်တစ်ချက်ပြ၍ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။စီအီးအိုသည် ဝန်ထမ်းများ
နှင့်ရင်းနှီးခင်မင်မှုကို လိုချင်သောကြောင့် အပြင်တွင်ထွက်မစားပေ။
ထမင်းချိုင့်လည်းမထည့် ၊ နောက်ဆုံး သူ့အတွက်
သီးသန့်ခန်းတွင်ပင်မစား ယင်းခန်းမတွင်သာ ပုံမှန်လာစားသည်။ထမင်းစားခန်းထဲသို့ ဝင်လာသော လူ
တစ်ယောက် နေရာမရဖြစ်သည်ကို လှမ်းမြင်၍ အတွင်းရေးမှူးမှ လှမ်းခေါ်လိုက်သည်။
"ဟာ..အကို ကျေးဇူး။ကျွန်တော် ဘယ်နားသွားထိုင်ရမလဲဖြစ်နေတာ။ဒီနေ့ကတော့ စားလို့ကောင်းဦးမှာပဲကွာ။
ဟဲဟဲ...ဗိုက်အရမ်းဆာနေတာ အကိုရ။ကျွန်တော်မနက်က သေချာမစားလာခဲ့ဘူး။"
ပါးစပ်မှ မနားတမ်း ပွစိပွစိ ပြောနေသောကောင်လေးကိုအတွင်းရေးမှူးသည် ပြုံးပြုံးကြီးကြည့်၍ မျက်ခုံး
ပင့်ပြလိုက်သည်။အဓိပ္ပါယ် မပေါက်သောကောင်လေးသည် ဘာလဲ ဟူသော မျက်နှာပေးနှင့်ပြန်ပြုံးပြလာသည်။
ထမင်းကို မရပ်မနား ပါးစပ်ထဲအတင်းထိုးထည့် ပလုတ်
ပလောင်းစားနေသော ထိုကောင်လေးသည် ဘေးတွင်ထိုင်နေသော လူတစ်ယောက်ကိုယခုချိန်ထိ မမြင်သေးပေ။ထိုလူသည်လည်း စားနေစဥ်တစ်လျှောက် ထိုကောင်လေးကို ပြုံး၍ကြည့်နေမိသည်။
ကောင်လေးသည် ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကို ရိပ်စားမိ၍ ဘေးသို့ စောင်းကြည့်လိုက်သည့်အခါ သူ့ကို ပြုံးကြည့်နေသော လူတစ်ယောက်ကို တွေ့လေသည်။ထိုအခါ ပါးစပ်အတွင်း ဝါးနေသော ထမင်းသီးလေသည်။
"ရော့...ရေသောက်လိုက် ဖြည်းဖြည်းစားလေ။ ဘာလဲ ကိုယ့်ကို မြင်လို့ လန့်သွားတာလား။"
"ဟာ...မဟုတ်ပါဘူး။boss ကျွန်တော် ရုတ်တရက်
....."
"ရေကို ကုန်အောင်သောက်လေ ...အခု..စားလို့ပြီးပြီလား။"
"ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။"
"မလိုပါဘူးကွာ။"
"ကိုယ့်နာမည်က ညီစေမင်း စီအီးအိုရဲ့အတွင်းရေးမှူးပါ။"
"ဟုတ်ကဲ့ ကျွန်တော့်နာမည် လမင်းကိုကိုပါ။ဝန်ထမ်းအသစ်ပါ။"
"ဟင်...စီအီးအို နာမည်နဲ့ဆင်တယ်နော်။"
အတွင်းရေးမှူးစကားအဆုံးတွင် ကောင်လေးနှင့်စီအီးအိုသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။နှစ်ယောက်သားတွေးမိသည်မှာ ဟုတ်သား နာမည်ဘာလို့ ဆင်နေတာလဲ။
"နာမည်ဆင်တယ်ဆိုမှ ကိုယ့်နာမည်နဲ့ ဆင်နေတာတင်မဟုတ်ဘူး။ကိုယ့်ညီရဲ့ နာမည်နဲ့ပါ ဆင်နေတာ။"
"ဟုတ်လား။ဘယ်လိုဆင်တာလဲ ပြောပြပါလား boss နော်....နော်။"
စီအီးအိုသည် ကလေးတစ်ယောက် မုန့်ပူဆာသလို
တနော်နော်နှင့်ပြောနေသော ထိုကောင်လေးကို
ကြည့်၍ရယ်ချင်လာမိသည်။နောက်ဆုံးမနေနိုင်စွာ အသံထွက်၍ ရယ်မိသည်။
"အာ...boss ဘာလို့ ရယ်နေတာလဲ။ပြောပြလေ...ပြောပြ...နော်လို့။"
"အင်း...အင်း...ကိုယ့်ညီနာမည်က လမင်းညီညီ။"
ထိုကောင်လေးနှင့် သိသည်မှာ နှစ်ဆယ့်လေးနာရီ
မပြည့်သေးသော်လည်း စီအီးအို၏ ပျော်နေသောမျက်နှာကို မြင်ရသည်မှာ အံ့ဩဖွယ်ရှိနေသည်။
ထိုမြင်ကွင်းကို ဘေးမှ ထိုင်ကြည့်နေရသည့် အတွင်းရေးမှူး၏ မျက်နှာသည် အနည်းငယ်ပျက်ယွင်းနေ
သည်။ထို့နောက် အသိပေးမှ ဖြစ်မည့် စကားတစ်ခွန်း ပြောလိုက်သည်။
"စီအီးအို ကျွန်တော်တို့ ဧည့်သည်နဲ့ချိန်းထားတာ နောက်ကျမှာစိုးလို့။"
"အိုကေ ကောင်းပြီ။သွားကြတာပေါ့။"
"See you"
"Yes...boss"
စီအီးအိုသည် ကောင်လေးဘက်သို့ လှည့်၍ နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်လိုက်သေးသည်။
YOU ARE READING
ကိုယ့်ရဲ့အရာရာ
Ficção Geralမင်းအရှုံးပေးတော့မလို့လား...အချစ်ကိုအချစ်လို့ပဲမြင်လိုက်ကြရအောင်...မင်းမရှိရင်ငါမနေတတ်တော့ဘူး...ငါ့ကိုမထားခဲ့ပါနဲ့...မင်းကြောက်ရင်ငါ့လက်ကိုတွဲထား ..လကလေး ကိုကို့ဆီလာခဲ့ပါ... နေမင်းက...
